ရောဂါဖြစ်ပွားနေစဉ်အတွင်း တိုကျို ရှိတိုက်ခန်းငယ်များတွင် နေထိုင်ရန် အဆင်မပြေမှုများ ရှိ

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် လူနေထူထပ်သည့် တိုကျိုမြို့တော်ရှိ လူဦးရေ သန်းပေါင်းများစွာကို နေအိမ်တွင်နေထိုင်ကြ ရန် တောင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

ဂျပန်အစိုးရ စစ်တမ်း ကောက်ယူချက်အရ တိုကျိုမြို့တော်အတွင်းရှိ ပျမ်းမျှ နေအိမ် အကျယ်အဝန်းမှာ ၆၅.၅ စတုရန်းမီတာသာရှိပြီး ၎င်း၏ သုံးပုံနှစ်ပုံ ခန့်ကို နေအိမ်အဖြစ်သတ်မှတ်ထားသောကြောင့် ကျန် ၄၁ စတုရန်းမီတာ အကျယ်အဝန်းမှာ စားသောက်ချက်ပြုတ်ရန် နှင့် အိပ်စက်အနားယူရန် နေရာသာဖြစ်သည်။

တိုကျိုမြို့တော်ရှိနေအိမ်တိုက်ခန်းတွင် ပျမ်းမျှ လူနေဦး နေထိုင်ကြပြီး ယခု ကဲ့သို့ စိုးရိမ်ပူပန်ရသော ကာလအတွင်း နေထိုင်ရန် နေရာမှာ ခဲယဉ်းကြောင်း သိရသည်။ ယခင်က အလုပ်ထွက်လုပ်နေရသောကြောင့် အဆင်ပြေသော်လည်း ယခုအခါ နေအိမ်မှ အလုပ်လုပ်နေကြရသည့် အချိန်တွင် နေထိုင်ရန် ခက်ခဲကြောင်း ၃၃ စတုရန်းမီတာ တိုက်ခန်းတွင် နေထိုင်လျက်ရှိသော အသက်၂၇ နှစ် အရွယ်ရှိ Tetsuro Tanaka က ဆိုသည်

“အခန်းဖော်နဲ့က ကုမ္ပဏီချင်းလည်း မတူတော့ အလုပ်အချက်အလက်စာရွက်စာတမ်းတွေကို သိမ်းဆည်းဖို့ နဲ့ အလုပ်လုပ်ဖို့ အိမ်မှာ နေရာကျဉ်းနေတော့ တစ်ယောက်တစ်လှည့် ညှိလှုပ်နေရတယ်” ဟု Tanaka က ပြောသည်။

ဂျပန်နိုင်ငံ လူဦးရေ ၄၄ ရာခိုင်နှုန်း သည် အရေးပေါ်အခြေအနေ ကြေညာထားသော နေရာများတွင် နေထိုင်လျက်ရှိပြီး လက်ရှိတွင် ရောဂါကူးစက်ခံစားနေရသူ ၅ ထောင်ကျော်ရှိသည့်အပြင် ၁၁၆ ဦးမှာ သေဆုံးပြီး ဖြစ်ကြောင်းသိရသည်။

SOURCE – The Asahi Shibun

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်