မြောက်ကိုရီးယားရဲ့ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသူ ဂျပန်အမျိုးသမီးရဲ့ ဖခင်အတွက် ဈာပန အခမ်းအနား

June 9, 2020 at 7:51 PM

၁၉၇၀ခုနှစ်တွေမှာ မြောက်ကိုရီးယားကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား Yokota Megumi ရဲ့ ဖခင်အတွက် ဈာပန အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

Yokota Shigeru ဟာ သမီးဖြစ်သူကို မြောက်ကိုရီးယားကနေ ပြန်ခေါ်နိုင်ဖို့ သူ့ဘဝသက်တမ်း တစ်ဝက်လောက် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ သူဟာ သမီးဖြစ်သူကို ပြန်မတွေ့နိုင်ဘဲ သောကြာနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဈာပန အခမ်းအနားကို တိုကျိုမြို့အနားမှာရှိတဲ့ Kawaskai မြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။
ဈာပနအခမ်းအနားကို ဇနီးဖြစ်သူ Yokota Sakie နဲ့ သားနှစ်ဦး၊ ဆွေမျိုးသားချင်းတွေနဲ့ တခြား မြောက်ကိုရီးယားရဲ့ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ မိသားစုတွေ အပါအဝင် လူ ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။ အစိုးရအရာရှိတွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကူညီသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ Yokota မိသားစု ထုတ်ပြန်ခဲ့တဲ့ ဈာပန ဓာတ်ပုံတွေမှာ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကို ကယ်တင်ရေး လှုံ့ဆော်မှုရဲ့ သင်္ကေတဖြစ်တဲ့ အပြာရောင် ဖဲကြိုးတွေနဲ့ တန်ဆာဆင်ထားတဲ့ မစ္စတာ ယိုကိုတာ ရဲ့ အခေါင်းကို ပန်းတွေနဲ့ ဝန်းရံထားတာ တွေ့ရပါတယ်။
မီးစ် မဲဂူမီ ဟာ အသက် ၁၃နှစ်အရွယ် ၁၉၇၇ခုနှစ်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဇနီးဖြစ်သူနဲ့ အတူ Yokota Shigeru အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကို ဂျပန်ကို ပြန်ခေါ်နိုင်ရေး လှုပ်ရှားမှုရဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။
SOURCE – NHK

Tags: