လူသွားလူလာ များပြားလာတဲ့ Shinjuku

May 11, 2020 at 7:22 PM

Corona Virus ကူးစက်ပြန့်ပွားမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာချက်ကို ဂျပန်အစိုးရက ရက် ထပ်မံတိုးမြှင့်ထားပေမဲ့လည်း Tokyo မှာ အလုပ်သွားလာတဲ့သူတွေ ပိုမိုများပြားလာနေပါတယ်။ မေလ ၁၁ ရက်နေ့မှာ Shinjuku ရပ်ကွက်က စီးပွားရေးလုပ်ငန်း ကုမ္ပဏီ နဲ့ ရုံးခန်းတွေ ရှိတဲ့နေရာမှာ နက်တိုင်လည်စည်းနဲ့ ကုတ်အင်္ကျီ ဝတ်ဆင်ထားတဲ့ သွားလာသူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
အမျိုးသားတစ်ဦးက သူဟာ ပုံမှန်ကတော့ နေအိမ်ကနေ အလုပ်လုပ်နေတာ ဖြစ်ပေမယ့် အလုပ်ဆွေးနွေးပွဲရှိလို့ ရုံးကို သွားရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က သူ့ရဲ့ အလုပ်ကို သွားခဲ့တုန်းကထက် အခုတစ်ကြိမ် အပြင်မှာ လူပိုများလာပုံ ရတယ်လို့ ပြော ပါတယ်။
နောက်ထပ်အမျိုးသားတစ်ဦးက အရေးပေါ်အခြေအနေ ကြေညာ ထားပေမယ့် သူဟာ ပုံမှန်အတိုင်း အလုပ်ကို သွားနေခဲ့တယ်လို့ ပြောပါတယ်။ သူ့ရဲ့အလုပ်က ဖောက်သည်တွေနဲ့ လူချင်းတွေ့ပြီး လုပ်ကိုင်ရတဲ့ အလုပ်ဖြစ်လို့ အိမ်မှာနေဖို့ဆိုတာ သူ့အတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။
အငှားကား ယာဉ်မောင်းတစ်ဦးကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆိုင်တွေ အားလုံးနီးပါး ပိတ်ထားတဲ့အတွက် လမ်းတွေဟာ ခြောက်ကပ် နေခဲ့ပေမဲ့လည်း မေလ ၁၁ ရက်နေ့မှာတော့ လမ်းပေါ်မှာ လူတွေများတယ်လို့ ပြောပါတယ်။
နွေဦးရာသီ အားလပ်ရက်ပြီးသွားပြီဖြစ်တဲ့အတွက် လူတွေက အလုပ်ကို ပြန် သတင်းပို့ကြရတာကြောင့် ဖြစ်ပုံရတယ်လို့ အငှားကား ယာဉ်မောင်းက ဆိုပါတယ်။ SOURCE – Japan Today