ဂျပန်က တချို့ဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်စပြီ

May 16, 2020 at 9:34 PM

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ထားတာကို ခရိုင်အတော်များများမှာ ပြန်ရုပ်သိမ်းလိုက်ပြီး နောက်ပိုင်း ပထမဆုံး သီတင်းပတ်ကုန်ရက်ဖြစ်တဲ့ စနေနေ့မှာ ဂျပန်တစ်ဝန်းက တချို့နေရာတွေမှာ စီးပွားရေး လုပ်ငန်းတွေ ပြန်စခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ခရိုင် ၄၇ ခု အနက် ၃၉ ခုမှာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ကြောင်း ကြာသပတေးနေ့မှာ အစိုးရက ကြေညာခဲ့ပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်း မီယာဂီ (Miyagi) ခရိုင်မှာရှိတဲ့ Sendai Mitsukoshi ကုန်တိုက်မှာ အစားအသောက် ရောင်းချတဲ့အထပ်က လွဲပြီး ကျန်တဲ့ အပိုင်း အကုန်လုံးကို တစ်လလောက် ပိတ်ထားခဲ့ပြီးနောက် အခု စနေနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီကုန်တိုက်က အရောင်းဝန်ထမ်းတွေဟာ နှာခေါင်းစည်းတွေ တပ်ဆင်ထားကြပြီး ကုန်တိုက် အဝင်ဝမှာလည်း ကိုယ်အပူချိန်တိုင်းတာတဲ့ အထူးကင်မရာတွေ တပ်ဆင်ထားပါတယ်။ အခမဲ့ သုံးလို့ရတဲ့ ပိုးသတ်ဆေးရည်တွေကိုလည်း စျေးဝယ်သူတွေအတွက် ထားပေး ထားပါတယ်။