Sony ကုမ္ပဏီက အသက်ရှူစက်ထုတ်လုပ်ဖို့ ကူညီရန်ရှိ

April 27, 2020 at 4:18 PM

အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ဂျပန် ကုမ္ပဏီ Sony ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတွေအတွက် ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက်လုပ်နေတဲ့ တခြား စက်မှုကုန်ထုတ် လုပ်ငန်း အမျိုးမျိုးနဲ့ ပူးပေါင်း ပြီး အသက်ရှူစက်ထုတ်လုပ်ရာမှာ ကူညီဖို့ စီစဉ်နေပါတယ်။Sony ကုမ္ပဏီက သူ့ရဲ့ စက်ရုံတွေကို အသုံးပြုပြီး အသက်ရှူစက် ရဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့ စဉ်းစားနေပါတယ်။ အဲဒီ စက်ရုံတွေ ထဲမှာ ပုံမှန်အနေနဲ့ ဒစ်ဂျစ်တယ် ကင်မရာပဲ ထုတ်လုပ်တဲ့ အိုင်းအိချိ (Aichi) ခရိုင်က စက်ရုံလည်း ပါဝင်ပါတယ်။

အစောဆုံး ဇူလိုင်လ က စပြီး စက်အလုံးပေါင်း ၁၀၀၀ ကျော် ဖြန့်ဖြူးနိုင်ဖို့ ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ အတူလုပ်ဆောင်ဖို့ Sony ကုမ္ပဏီက စီစဉ်နေပါတယ်။ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ Nihon Kohden ကုမ္ပဏီက တိုကျိုမြို့ မြောက်ဘက်မှာ ရှိတဲ့ သူ့စက်ရုံမှာ အသက်ရှူစက် ထုတ်လုပ်မှုကို အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိမှာ တစ်လကို အလုံးပေါင်း ၃၀ ထုတ်လုပ်နေရာကနေ နောက် ၆ လအတွင်းမှာ တစ်လကို အလုံး ၁၀၀၀ ကျော် တိုးမြှင့် ထုတ်လုပ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ တခြား မိတ်ဖက် ကုမ္ပဏီတွေဆီကနေ စက်ပစ္စည်း အစိတ်အပိုင်းတွေ ရရှိဖို့ ကြိုးစား သွားမယ်လို့လည်း Nihon Kohden ကုမ္ပဏီက ပြောပါတယ်။

Source – NHK