နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကျဆင်းနေသော်လည်း စိုးရိမ်ရမှုမြင့်နေဆဲ

ဂျပန်အစိုးရကို အကြံပေးနေတဲ့ ကျွမ်းကျင်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ နိုင်ငံတစ်ဝန်းမှာ အမြင့်ဆုံးအနေအထားကို ရောက်ရှိသွားခဲ့ဖွယ်ရှိတယ်ဆိုတာနဲ့ နောက်ထပ်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိတာ ကြောင့် နိုးနိုးကြားကြားအထူးသတိရှိဖို့လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ကျွမ်းကျင်သူများအဖွဲ့ဟာ COVID-19 ရောဂါဖြစ်ပွားပြီး လက္ခဏာ ပြသတဲ့ လူအ‌ရေအတွက်နဲ့ပတ်သက်တဲ့ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေကို အကဲဖြတ်ဖို့အတွက် သောကြာနေ့ကတွေ့ဆုံခဲ့ကြပါတယ်။ အဲဒီအရေအတွက်ဟာ နိုင်ငံတစ်ဝန်းမှာ ဇူလိုင် ၂၇ ရက်နေ့ကနေ ၂၉ ရက်ကာလအတွင်း အမြင့်ဆုံး ဖြစ်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။ အဲဒီကိန်းဂဏန်းဟာ အဲဒီနောက်ပိုင်းကစပြီး တဖြည်းဖြည်း ကျဆင်းလာနေခဲ့ပါတယ်။
ခရိုင်အလိုက်အ‌ခြေပြုစုဆောင်းထားတဲ့ ဒေတာတွေကလည်း တိုကျို (Tokyo)၊ အိုစာကာ (Osaka)၊ အိုင်းချိ (Aichi) တို့မှာ ကူးစက်မှုတွေဟာ ဇူလိုင်လနှောင်းပိုင်းက အမြင့်ဆုံးရောက်ခဲ့ပုံရတယ်ဆိုတာနဲ့ ဖူကုအိုကား (Fukuoka) နဲ့ အိုကီနာဝါ (Okinawa) မှာ သြဂုတ်လလယ်ကစပြီး ကျဆင်းလာနေခဲ့တယ်ဆိုတာကို ပြသနေပါတယ်။
ဒါပေမဲ့လည်း ကျွမ်းကျင်သူတွေက သြဂုတ်လလယ်ပိုင်းအထိ ဘွန်းနွေရာသီအားလပ်ရက်ကာလက ဒေတာတွေရရှိမှု မပြည့်စုံတဲ့အတွက် နောက်တစ်ကြိမ်ထပ်ပြီး ပြန့်ပွားနိုင်ခြေကို သတိပေးလိုက်ပါတယ်။ အဲဒါအပြင် တချို့ဒေသတွေမှာ ကူးစက်မှုကိန်းဂဏန်းတွေဟာ အမြင့်ဆုံးအဆင့်မှာဆက်ရှိနေပုံရတယ်ဆိုတာကိုလည်း သူတို့တတွေက ထောက်ပြကြပါတယ်။
ပထမလှိုင်းရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ မတ်လကနေ မေလအတွင် ကူးစက်မှုမှာ သက်ကြီးရွယ်အိုတွေ စောင့်ရှောက်ရေးဂေဟာတွေနဲ့ ဆေးရုံတွေမှာ ဖြစ်ပွားနှုန်းမြင့်တက်ခဲ့တာကို မြင်တွေ့နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဖူကုအိုကာ့ နဲ့ အိုကီနာဝါခရိုင်တွေ အပါအဝင် တချို့ခရိုင်တွေမှာ အပြင်းအထန်ဖျားနာတဲ့ လူနာအရေအတွက် အခုအခါ များပြားလာနေတာကိုလည်း မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
အစည်းအဝေးအပြီးမှာ တိုးဟိုးကုတက္ကသိုလ်က ပါမောက္ခ အိုရှိတာနိ ဟိတိုးရှိ (Oshitani Hitoshi)က အုပ်စုလိုက် ကူးစက်မှုတွေဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုတွေ ထပ်ပြီးဖြစ်စေနိုင်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေနဲ့ ဆေးရုံတွေမှာ ကူးစက်မှုတွေက ဆိုးရွားတဲ့ ဖျားနာသူတွေနဲ့ သေဆုံးမှုတွေကို ပိုမိုများပြားစေနိုင်ခြေရှိတယ်လို့ သူက ဆိုပါတယ်။
ပါမောက္ခ အိုရှိတာနိ က ကူးစက်မှုတွေ အမြင့်ဆုံးဖြစ်တာနဲ့ ဆိုးရွားတဲ့အခြေအနေရှိသူ များပြားလာမှု၊ ဆေးရုံဆေးခန်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို သီးခြား ကိုင်တွယ်ရမှာဖြစ်တယ် လို့ ဖြည့်စွက်ပြောဆိုသွားပါတယ်။

SOURCE – Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်