PCR စစ်ဆေးမှု ပြုလုပ်ပေးတဲ့ တက္ကသိုလ်တွေကို ဂျပန်အစိုးရက ထောက်ပံ့ကြေးပေးမယ်

August 14, 2020 at 7:21 AM

PCR နည်းနဲ့ ဗိုင်းရပ်စ် စစ်ဆေးမှုတွေအတွက် သူတို့ရဲ့ စက်ကိရိယာတွေကို အသုံးပြုခွင့်ပေးတဲ့ တက္ကသိုလ်နဲ့ သုတေသနဌာနတွေကို ထောက်ပံ့ကြေးပေးဖို့ ဂျပန်အစိုးရ စီစဉ်နေပါတယ်။

ဩဂုတ်လ အစောပိုင်းကာလအထိ ဂျပန်တစ်လွှား တက္ကသိုလ် ဆေးရုံ ၇၁ ခုနဲ့ တက္ကသိုလ်နဲ့ သုတေသနဌာန ၂၇ ခုတို့မှာ တစ်နေ့မှာ ၄,၄၀၀ အထိ PCR စစ်ဆေးမှု လုပ်ပေးနိုင်တဲ့ စက်ကိရိယာတွေ ရှိနေတယ်လို့ ပညာရေးနဲ့ သိပ္ပံဆိုင်ရာ ဝန်ကြီးဌာနက ဆိုပါတယ်။
တက္ကသိုလ်နဲ့ ဌာနတွေက သူတို့ရဲ့ စက်ကိရိယာတွေကို ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စစ်ဆေးမှုတွေအတွက် အသုံးပြုမယ်ဆိုရင် စက်တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၉,၄၀၀ လောက် ရှိတဲ့ ထောက်ပံ့ကြေးကို အဲဒီ ဝန်ကြီးဌာနက ထုတ်ပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ လုပ်ငန်းအတွက် သူတို့ရဲ့ စက်ကိရိယာကို ငှားရမ်းမယ်ဆိုရင် စက်တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၄,၇၀၀ လောက်ရှိတဲ့ ထောက်ပံ့ကြေးကိုလည်း အဲဒီ ဝန်ကြီးဌာနက ကမ်းလှမ်းမှာ ဖြစ်ပါတယ်။

SOURCE – Nikkei