ပါတီအကြီးအကဲနေရာ ဝင်ပြိုင်ရေး စုဂါ့ ဆုံးဖြတ်မည်

September 1, 2020 at 4:27 PM

န်ကြီးချုပ် Shinzo Abe ရဲ့အရိုက်အရာကိုဆက်ခံဖို့ ဘယ်လိုနည်းလမ်းနဲ့ဘယ်တော့လုပ်မလဲဆိုတာ သတ်မှတ်ပြီးတဲ့ အထိ ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Suga Yoshihide ဟာ ဝင်ပြိုင်ဖို့သူ့ရဲ့ရည်မှန်းချက်ကို ကြေညာဖို့ စောင့်ဆိုင်းဖွယ်ရာရှိပါတယ်။

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဟာ ပါတီခေါင်းဆောင်ရွေးချယ်ရေးနည်းလမ်းကို အင်္ဂါနေ့မှာ ဆုံးဖြတ်ဖွယ်ရာရှိပါတယ်။
ပုံမှန်ဆိုရင် LDP ဟာ သူ့ရဲ့ လွှတ်တော်အမတ်အားလုံးနဲ့ နိုင်ငံတစ်ဝန်းရှိ ပါတီဝင်တွေဟာ အဲဒီရွေးချယ်ပွဲမှာ မဲပေးလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီတစ်ကြိမ်တော့ ပါတီအလုပ်အမှုဆောင်တွေဟာ နိုင်ငံတစ်ဝန်းက ပါတီဝင်တွေမဲပေးတာမျိုးကို လုပ်ဆောင်စေမှာမဟုတ်ပါဘူး။ စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်ဝန်းကျင်လောက်မှာ လွှတ်တော်နှစ်ရပ်က LDP အမတ်တွေပါတဲ့ အထွေထွေညီလာခံ ကနေပဲ ခေါင်းဆောင်ကိုရွေးချယ်ဖို့ စီစဉ်နေပါတယ်။

SOURCE – Japan Today