ဂျပန်မှာ နွေရာသီအပူချိန် လွန်ကဲ

ဂျပန်နိုင်ငံတစ်ဝန်း နေရာအများအပြားမှာ အလွန်ပူပြင်းခဲ့ပြီး ယာမာ့နာ့ရှိ ခရိုင်မှာ အပူချိန် ၃၉.၇ ဒီဂရီ ရှိခဲ့ပါတယ်။

အပူလျှပ်ဝေဒနာအတွက် အထူးသတိထားကြဖို့နဲ့ မကြာခဏ အနားယူတာနဲ့ ရေသောက်တာမျိုးတွေ လုပ်ဆောင်ကြဖို့ လူတွေကို အကြံပြုထားပါတယ်။
ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ လေထုအနေအထား မတည်မငြိမ် ရှိနေပြီး နေရာကွက်ကြား မိုးကြီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ မြေပြိုမှုတွေနဲ့ အနိမ့်ပိုင်းဧရိယာတွေမှာ ရေလွှမ်းမိုးမှုတွေအတွက် သတိထားပြီး နိုးနိုးကြားကြားနေကြ ဖို့ အဲဒီ ဒေသတွေမှာနေထိုင်သူတွေကို မိုးလေဝသအရာရှိတွေက တိုက်တွန်းနေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ လေဖိအားမြင့်ရပ်ဝန်းတစ်ခု ဂျပန်ကျွန်းစုပေါ်မှာ လွှမ်းခြုံနေတာကြောင့် နိုင်ငံတစ်ဝန်း ကောင်းကင်ကို ကြင်လင်နေစေကာ အပူချိန် မြင့်မားစေတယ်လို့ မိုးလေဝသ အေဂျင်စီက ဆိုပါတယ်။
ဒီကနေ့ ညနေ ၃နာရီမတိုင်ခင်က ယာမာ့နာ့ရှိခရိုင်၊ ခိုရှုး မြို့ ၊ ခါ့ဆုနုမ မှာ အပူချိန် ၃၉.၇ ဒီဂရီ ရှိခဲ့ပါတယ်။ ဒါဟာ အခုနှစ် အတွက် နိုင်ငံတွင်းမှာ အပူချိန် အမြင့်ဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
ညနေ ၃နာရီမတိုင်ခင် အမြင့်ဆုံးအပူချိန်တွေကတော့ ဖူကုရှီမ မြို့မှာ ၃၈.၄ ဒီဂရီ၊ တိုတိုးလိ မြို့မှာ ၃၇.၅ ဒီဂရီ၊ ဂီဖု ခရိုင် တာ့ဂျိမိ မြို့မှာ ၃၇.၄ ဒီဂရီ၊ နာ့ဂါနိုခရိုင် အုအဲဒါ့ မြို့မှာ ၃၇.၁ ဒီဂရီ၊ ကျိုတိုမြို့မှာ ၃၆.၆ ဒီဂရီ ရှိခဲ့ပါတယ်။
နိုင်ငံတစ်ဝန်း အပူချိန်တိုင်းတွာစောင့်ကြည့်တဲ့နေရာ ၉၂၀ ထဲက ၁၈၀မှာ ညနေ ၃နာရီမှာ ၃၅ဒီဂရီ အထက် အပူချိန်မြင့်တက်ခဲ့ပြီး ဒီနှစ်မှာ အများဆုံး ဖြစ်ပါတယ်။
အပူလျှပ်အန္တရာယ် အလွန်အမင်း မြင့်မားမယ်လို့ ခန့်မှန်းရပါတယ်။ မိုးလေဝသ အေဂျင်စီနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက တိုးဟိုးကု ကနေ ကျူးရှူးဒေသအထိ ခရိုင် ၃၉ ခုမှာ အပူလျှပ်အန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်