ဂျပန်ကုမ္ပဏီကြီးတွေရဲ့ ၈၀% ကျော်က အလုပ်လုပ်တဲ့ ပုံစံကို ပြန်လည်သုံးသပ်နေ

ဂျပန်က အဓိက ကုမ္ပဏီကြီးတွေကို ကောက်ယူတဲ့ NHK ရဲ့ စစ်တမ်းတစ်ခုမှာ သူတို့ရဲ့ ၈၀%ကျော်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တုန့်ပြန်တဲ့ အနေနဲ့ ဝန်ထမ်းတွေကို ဘယ်လို အလုပ် လုပ်ဆောင်စေမယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်နေကြတယ် ဆိုတာ တွေ့ရပါတယ်။

ကုန်ထုတ်လုပ်မှု၊ လက်လီအရောင်းနဲ့ ငွေကြေးလုပ်ငန်း အပါအဝင် ကျယ်ပြန့်တဲ့ နယ်ပယ်ကဏ္ဍစုံက ကုမ္ပဏီလုပ်ငန်း ၁၀၀ ကို မေလ ၁၉ ရက်နေ့ကနေ အခု သောကြာနေ့အထိ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက ကုမ္ပဏီ ၉၅ ခုက ပြန်လည် ဖြေကြားခဲ့ပါတယ်။
အဲဒီကုမ္ပဏီတွေကို အရေးအကြီးဆုံးအဖြစ် သူတို့သတ်မှတ်တဲ့ အပြောင်းအလဲ ၂ ခုက ဘာပါလဲ လို့ မေးမြန်းခဲ့ပါတယ်။
ကုမ္ပဏီ အများစုဖြစ်တဲ့ ၈၂.၁ ရာခိုင်နှုန်းက ဆက်သွယ်ရေး ကွန်ရက်နဲ့ အိမ်ကနေ အလုပ်လုပ်တာနဲ့ ရုံးတက်ရောက်တဲ့ ဝန်ထမ်းအင်အား လျှော့ချ တာမျိုးလို လူနေမှု ပုံစံသစ်အတွက် အလုပ်လုပ်တဲ့ပုံစံတွေ ဖြစ်တယ်လို့ ဖြေကြပါတယ်။
အဲဒီနောက် ၂၂.၁ ရာခိုင်နှုန်းကတော့ ရင်းနှီးမြှုပ်နှံမှုမှာ လျှော့ချဖို့ဖြစ်တယ် လို့ ဖြေကြားခဲ့ပြီး ၁၅.၈ ရာခိုင်နှုန်းက ပစ္စည်း ဖြန့်ချိရေးနဲ့ ပို့ဆောင်ရေး စီမံဖွဲ့စည်းမှုတွေကို အပြောင်းအလဲ လုပ်ဖို့ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
အဲဒီ ကုမ္ပဏီကြီးတွေရဲ့ ၅၄.၇ ရာခိုင်နှုန်းက အိမ်ကနေ အွန်လိုင်းနဲ့ ဆက်သွယ် အလုပ်လုပ်တာမျိုး ပိုမိုပြုလုပ်မယ်လို့ ဆိုပါတယ်။
၁၇.၉ ရာခိုင်နှုန်းက လက်ရှိ အနေအထားအတိုင်းနဲ့ပဲ ဆက်သွားမယ်လို့ ဆိုပြီး ၁၀.၅ ရာခိုင်နှုန်းက အရေအတွက်လျှော့ချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်