Kobe မြို့ရှိဆေးရုံတစ်ရုံတွင် Surgical mask ၆,၀၀၀ ခန့် အခိုးခံရမှုဖြစ်ပွားခဲ့။

February 24, 2020 at 9:11 AM

ဖေဖော်ဝါရီလ (၁၃)ရက် ကြာသပတေးနေ့တွင် Kobeမြို့ရှိဆေးရုံတစ်ရုံတွင် Surgical mask ၆,၀၀၀ ခန့် ပျောက်ဆုံးသွားမှုဖြစ်ပွားခဲ့ပါတယ်။ Hyogo ဒေသရှိရဲဌာနမှထိုအဖြစ်အပျက်ကို အခိုးခံရမှုဟု ယူဆကာ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

Kobe မြို့ကြက်ခြေနီဆေးရုံရှိ တတိယအလွှာတွင်ရှိသော စက်ပစ္စည်းသိုလှောင်ရာအခန်းတွင် ယန်း ၄၀,၀၀၀ တန်ဖိုး ရှိသော Surgical mask များကို သိမ်းဆည်းထားခြင်းဖြစ်ပြီး Surgical mask များအခု (၅၀)စီထည့်ထားသော ပါကင်ပိတ်ထားသည့်အထုပ် (၃၀)စီပါဝင်သောဘူးအကြီး (၁၂)ဘူးထဲမှ (၄)ဘူးပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှသိရှိခဲ့ရပါတယ်။

Source : japantimes

ထိုအခန်းဟာ ပုံမှန်အားဖြင့် တံခါးသော့ခတ်ထားလေ့ရှိကြောင်းကိုလည်း ဆေးရုံရှိ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ထို Surgical mask များထည့်ထားသည့်ဘူးအချို့ ပျောက်ဆုံးနေကြောင်းကို ဖေဖော်ဝါရီလ (၁၃)ရက် ကြာသပတေးနေ့တွင် ဆေးရုံရှိဝန်ထမ်းတစ်ဦးမှ သတိထားမိခဲ့ပြီး ရဲစခန်းသို့ ဖေဖော်ဝါရီလ (၁၇)ရက် တနင်္လာနေ့တွင် တိုင်ကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Kobeမြို့ဆေးရုံရှိ ဝန်ထမ်းများအတွက် Surgical mask များ အလုံအလောက် ရှိသော်လည်း ထို အခိုးခံရမှုဟာ “နောင်တရစရာအဖြစ်အပျက်တစ်ခု” ဖြစ်ကြောင်း Kobe ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Tags: