April လ(၁)ရက်နေ့မှစ၍ Tokyo Disneyland နှင့် Disney Sea ရဲ့ လက်မှတ်စျေးနှုန်းများ မြင့်တက်မည််
ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံး လည်ပတ်ကစားစရာ နေရာတွေထဲကတစ်ခုဖြစ်တဲ့ Tokyo Disneyland ရဲ့လက်မှတ်စျေးနှုန်းများဟာ Aprilလ (၁)ရက်နေ့စပြီး မြင့်တက်တော့မှာ ဖြစ်ပါတယ်။
ယခင်က လူကြီးများရဲ့ တနေ့တာလက်မှတ်စျေးနှုန်းမှာ ယန်း ၇၅၀၀ ဖြစ်ပီး ယခုတွင်တော့ ယန်း ၈၂၀၀အထိ မြင့်တက်သွားမည်ဖြစ်ကြောင်း Disneyland နှင့် Disney Seaတို့ကို တာဝန်ယူလုပ်ကိုင်နေသော Oriental land ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။

အသက်(၁၂)နှစ်မှ (၁၇)နှစ်အရွယ်ကြား လာရောက်လည်ပတ်ကစားသူများရဲ့ နေ့ပိုင်းလက်မှတ်(day ticket) စျေးနှုန်းကတော့ ယန်း ၆၅၀၀ မှ ယန်း ၆၉၀၀ အထိ မြင့်တက်သွားမည်ဖြစ်ပြီး အသက်(၄)နှစ်မှ (၁၁)နှစ်အရွယ် ကလေးများ၏လက်မှတ်စျေးနှုန်းကတော့ ယခင်အတိုင်း မပြောင်းလဲဘဲ ယန်း ၄၉၀၀ ပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ Oriental land ကုမ္ပဏီမှ အသစ်ပြုပြင် ပြောင်းလဲထားမှု(facilities)များနှင့် ဝန်ထမ်းလေ့ကျင့်မှုကုန်ကျငွေများကြောင့် လက်မှတ်စျေးနှုန်းများ မြင့်တက်သွားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ( ၂၀၂၂ ) ခုနှစ်တွင် ဖွင့်လှစ်မည်ဟု ကြေငြာထားသော Disney Sea ရှိ Area ကိုလည်း အနည်းငယ်နှောင့်နှေးမှုများ ရှိနေသဖြင့် (၂၀၂၃) ခုနှစ်တွင်သာ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး Area အသစ်တွင် Frozen ကဲ့သို့ နာမည်ကြီး၊လူကြိုက်များတဲ့ Disney ရုပ်ရှင်များကို အခြေခံပြီး ပြုလုပ်ထားတဲ့ စိတ်ဝင်စားဖွယ်အရာများ ပါဝင်မှာ ဖြစ်ပါတယ်။