ကပ်ရောဂါ ဂယက်ရိုက်မှု တိုက်ဖျက်ရေး ဂျပန် အစိုးရနဲ့ ဗဟိုဘဏ် လက်တွဲဆောင်ရွက်

May 23, 2020 at 8:35 PM

နိုင်ငံ့စီးပွားရေးကို ကာကွယ်ဖို့အတွက် ပိုမို အနီးကပ် လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကတိပြုထားတဲ့ ပူးတွဲကြေညာချက် တစ်စောင်ကို ဂျပန် ဘဏ္ဍာရေးဝန်ကြီးနဲ့ ဗဟိုဘဏ် အကြီးအကဲတို့က ထုတ်ပြန်ခဲ့ပါတယ်။ ကပ်ရောဂါရဲ့ စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုကို ပိုပြီး ခံစားလာရတဲ့အချိန်မှာ အဲဒီကြေညာချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Aso Taro နဲ့ ဂျပန် ဗဟိုဘဏ် (BOJ ) ဥက္ကဋ္ဌ Kuroda Haruhiko တို့ဟာ ရှားရှားပါးပါး သူတို့ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးတဲ့နောက် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးဈေးကွက်ကို ကျားကန်ပေးရေး လုပ်ဆောင်ချက်တွေကို အစိုးရနဲ့ BOJ တို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်ထဲမှာ ဆိုထားပါတယ်။ အခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တာ မှန်သမျှကို လုပ်ဆောင်သွားမယ်လို့ သူတို့နှစ်ဦး ကတိပြုခဲ့ပါတယ်။ ဒီကပ်ကြီး ပြီးသွားတဲ့အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဌာနနှစ်ခုအနေနဲ့ အတူပူးတွဲ ဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်ထဲမှာ ဆိုထားပါတယ်။

SOURCE-NHK