လူတွေကို လွမ်းနေတဲ့ ငါးရှဉ့် လေး တွေ အတွက် Tokyo ငါးပြတိုက်ကVideo Chat လုပ်ပေး

May 6, 2020 at 8:06 PM

ကိုရိုနာ ကပ်ရောဂါ ဖြစ်ပွားနေတာ ကြောင့် မတ်လ မှာ ပိတ်ခဲ့ရတဲ့ Tokyo Aquarium မှာ ရှိတဲ့ ငါးရှဉ့်တွေရဲ့ ပြုမူ ပုံကို Tokyo Aquarium က လူမှုကွန်ယက်ပေါ်မှာ ပြုလုပ်ခဲ့တဲ့ Video Chat မှာ တွေ့ခဲ့ရပါတယ်။
ငါးပြတိုက် ဖွင့်တဲ့အချိန်တွေမှာ ဧည့်သည်တွေ လာရင် ဒီ ငါးရှဉ့်လေးတွေ က သဲထဲကနေ ထွက်လာ ပြီး ခေါင်းကို ညွတ်ကာ ရိုသေမှု ပြုလေ့ ရှိတာကို လာရောက်ကြည့်ရှုတဲ့ သူတွေက သဘောကျနှစ်သက်ခဲ့ကြပါတယ်။
ဒီငါးရှဉ့် မျိုးစိတ်ဟာ အမှန်တကယ်တမ်း အန္တရာယ် ကို သတိထားမိတာနဲ့ သဲထဲမှာပုန်းလေ့ရှိတဲ့ အဏ္ဍဝါငါးမျိုးစိတ် တစ်ခုပါပဲ။
ငါးပြတိုက် ပိတ်လိုက်တော့ သူတို့ ဧည့်သည်ကို လွမ်းနေကြပုံလေးကို အောက်ကလင့်ခ်လေးထဲဝင်ကြည့်လိုက်ရအောင်နော်။