အသုံးစရိတ် အမျိုးမျိုး လျှော့ချရေး အိုလံပစ် ကော်မတီ စီစဉ်

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် စီစဉ်ရေး ကော်မတီက နယ်ပယ်ပေါင်း ၁၀၀ ကျော် အတွက် အသုံးစရိတ် ဖြတ်တောက်ဖို့ စတင် စဉ်းစားနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

၂၀၂၁ ခုနှစ် နွေရာသီအထိ ဒီအားကစားပွဲတွေကို ၁ နှစ် ရွှေ့ဆိုင်းလိုက်တာကြောင့် ဒေါ်လာ ဘီလီယံများစွာ ထပ်ဆောင်း ကုန်ကျနိုင်တယ် လို့ ခန့်မှန်းချက်တချို့မှာ ပြသနေပါတယ်။
အားကစားသမားတွေ ထားရှိတဲ့ အားကစားသမားရွာအတွက် စီစဉ်ထားတဲ့ နေ့စဉ် ကျွေးမွေးစရိတ်တွေလည်း စစ်ဆေးသွားမယ့် ကိစ္စရပ်တွေထဲမှာ ပါဝင်ပါတယ်။
ဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားတွေရဲ့ ပမာဏ၊ နိုင်ငံတကာ အိုလံစ်ကော်မတီနဲ့ အားကစား အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေအတွက် ကုန်ကျစရိတ်နဲ့ ပွဲကြည့်ပရိသတ် ထိုင်ခုံအရေအတွက် နဲ့ အားကစားပွဲ ပြုလုပ်မယ့်နေရာ ပတ်လည်မှာ ကျင်းပမယ့် တခြား ပွဲတော်တွေကိုလည်း ပြန်လည် သုံးသပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။
အိုလံပစ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူတဲ့အချိန် တိုတောင်း သွားနိုင်ပေမယ့် တာဝန်ရှိသူတွေအနေနဲ့ ရွေးချယ်ပြီးဖြစ်တဲ့ အပြေးသမားတွေ ပါဝင်ဆောင်ရွက်ရေးသေချာစေဖို့ ကြိုးစားလိမ့်မယ်လို့ သတင်းရပ်ကွက် တွေက ဆိုပါတယ်။
နောက်ဆက်တွဲ ကုန်ကျစရိတ်တွေအတွက် ပြည်သူလူထုနဲ့ ကုန်ကျစရိတ် ထောက်ပံ့ပေးမယ့်သူတွေရဲ့ နားလည်မှု ရရှိနိုင်အောင် ဒီအချက်တွေအားလုံးကို ပြန်သုံးသပ်ဖို့ လိုအပ်လိမ့်မယ် လို့လည်း သတင်းရပ်ကွက်တွေက ဆိုပါတယ်။ SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်