သံသယလူနာများ စစ်ဆေးမှုခံရရန် သီတင်းတစ်ပတ်အထိ စောင့်ဆိုင်းရ

NHK က ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ တိုကျိုမြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတဲ့သူတွေဟာ ဓာတ်ခွဲ စစ်ဆေးမှုခံရဖို့အတွက် သီတင်းတစ်ပတ်ကြာတဲ့အထိ စောင့်ဆိုင်းခဲ့ ရတယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ်ပိုး သယ်ဆောင်နိုင်ခြေရှိတဲ့အတွက် စမ်းသပ် စစ်ဆေးမှုခံယူဖို့ လိုတယ်လို့ ကျန်းမာရေးဆိုင်ရာ အရာရှိတွေရဲ့ သတ်မှတ်ခံရသူတွေဟာ PCR ဓာတ်ခွဲ စစ်ဆေး မှုခံယူဖို့ ဘယ်လောက်ကြာအောင် စောင့်ရသလဲလို့ NHK က တိုကျိုမြို့မှာရှိတဲ့ မြို့နယ် ၂၃ မြို့နယ်က ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ဌာနတွေကို မေးမြန်း ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကောင်း ခံရနိုင်တယ်လို့ ထင်တဲ့သူတွေအနေနဲ့ ပြည်သူ့ကျန်းမာရေးဌာန ဒါမှမဟုတ် ကိုယ်ပြသကုသခံယူနေတဲ့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ဖို့ ပြည်သူတွေကို တောင်းဆိုထားပါ တယ်။ PCR စစ်ဆေးမှုခံယူဖို့ လိုတယ်လို့ ယူဆတယ်ဆိုရင်တော့ အဲဒီလူတွေကို သတ်မှတ်ထားတဲ့ ဆေးရုံတွေဆီ သွားပြဖို့ ညွှန်းပေးပါ တယ်။
ကူးစက်ခံရတဲ့သူတွေ ဆက်ပြီး များပြားနေတဲ့အတွက် စစ်ဆေးခံရဖို့ အချိန် အကြာကြီး စောင့်ရတယ်လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။
စစ်တမ်းပါ မေးမြန်းမှုတွေကို ပြန်လည် ဖြေကြားတဲ့ မြို့နယ်ရုံးတွေက ဆိုးရွားတဲ့လက္ခဏာပြသတဲ့ သူတွေကိုတော့ အမြန်ဆုံး စစ်ဆေးပေးခဲ့ ပါတယ်လို့ ဆိုပါတယ်။
စစ်ဆေးခံရဖို့ ၄ ရက် ဒါမှမဟုတ် ၅ ရက် လောက်အထိကြာတာမျိုး ရှိတယ်လို့ တချို့မြို့နယ်ရုံးတွေက ဖြေကြပါတယ်။ သီတင်းတစ်ပတ်လောက်အထိ စောင့်ခဲ့ရသူ တစ်ယောက် ရှိခဲ့တယ်လို့ ဆုမိဒါ (Sumida) မြို့နယ်ရုံးက ဆိုပါတယ်။
Source – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်