ဇူလိုင်လ ၁ ရက်နေ့မှ စပြီး Tokyo Disney Park များ ပြန်လည် ဖွင့်လှစ်သွားမည်

Coronona Virus ရောဂါ ဖြစ်ပွားမှုကြောင့် Tokyo Disney Park များ လေးလကြာပိတ်ခဲ့ရပြီးနောက် ယခုအခါ Tokyo Disneyland နှင့် DisneySea တို့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်သွားမည်ဟု ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသည်။
ထိုအပန်းဖြေစခန်းနှစ်ခုက အွန်လိုင်းမှတဆင့် ကြိုတင်ဝယ်ယူထားသော လက်မှတ်ဖြင့်သာ ဝင်ရောက်လည်ပတ်ခွင့်ပေးသွားမှာ ဖြစ်ပြီး Social Distancing စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာသွားရမည်ဟု ပြဌာန်းထားသည်။
ကယ်လီဖိုးနီးယား နှင့် ပဲရစ် အပါအဝင် အခြားနိုင်ငံများရှိ Disneyland ကစားကွင်းများကို ပြန်လည်ဖွင့်လှစ်သွားဖို့ရှိကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ ရှန်ဟိုင်းရှိ Disneyland က မေလတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ပြီးနော Tokyo ရှိ Disney ကစားကွင်းများကို ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ပိတ်ပစ်ခဲ့ရသည်။ ဂျပန်နိုင်ငံက ၎င်း၏ စီးပွားရေးပြန်လည် မြင့်တက်လာစေရန်အတွက် ကစားကွင်းများနှင့် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲများကို တဖြည်းဖြည်းချင်း ပြန်လည် ဖွင့်လှစ်လာလျက်ရှိသည်။
SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်