၂၀၂၀အိုလံပစ်အားကျင်းပပြုလုပ်သွားမည့်တိုကျိုမြို့ New National Stadium အားဖွင့်လှစ်

၂၀၂၀ Olympic အားကျင်းပပြုလုပ်မည့် ခုနှစ်နဲ့အညီလူအယောက်၂၀၂၀ ဦးအား ရွေးချယ်ကာ မကြာသေးခင်ကမှပြီးစီးခဲ့တဲ့ New National Stadium ရဲ့ ပြေးလမ်းကြောင်းများကို စမ်းသပ်စေခဲ့ပါတယ်။ အခမ်းအနားတွင်ဝင်ရောက်ဆင်နွှဲသူများဟာ မီတာ ၄၀၀ ပြေးလမ်းကြောင်းကို တစ်ပတ်ပြေးခဲ့ပြီး ၊ အချို့ဆင်နွှဲသူများကလည်း မီတာ ၅၀ အကွာအဝေးရှိ Relay Race (လက်ဆင့်ကမ်းပြိုင်ပွဲ)ကို စမ်းသပ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Source: Getty

Yoshihide Kiryu ဟာ ၁၀၀ မီတာ အမျိုးသားအပြေးပြိုင်ပွဲကို ၁၀ စက္ကန့် မပြည့်ခင်မှာ ပန်းဝင်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးသော တာတိုအပြေးသမားဖြစ်ပြီး လက်ဆင့်ကမ်းပြိုင်ပွဲ မှာပါဝင်ကစားခဲ့ပါတယ် ။ Kiryu မှ “ဂျပန်မှာ အိုလံပစ်ပြိုင်ပွဲကျင်းပတာဟာ နှစ်ဝက်ခန့်လောက် ကြာမြင့်မှာ ဖြစ်ကြောင်း၊ အိုလံပစ်ပြိုင်ပွဲသို့ တက်ရောက်ခွင့်ရပြီး (ပြိုင်ပွဲ)ပြေးလမ်းကြောင်းပေါ်မှာ ပြေးခွင့်ရမည်ဖြစ်သောကြောင့် အလွန်ပင် ပျော်ရွှင်မိကြောင်း “ပြောကြားခဲ့ပါတယ်။

Source: NHK

New National Stadium မှာတော့ ၂၀၂၀ ခုနှစ်တွင် ကျင်းပမယ့် Olympic ပြိုင်ပွဲ၏ ဖွင့်ပွဲ ၊ပိတ်ပွဲအခမ်းအနားများ၊ပြေးလမ်းကြောင်းပြိုင်ပွဲများ၊ဘောလုံးပြိုင်ပွဲများ အစရှိတဲ့ အားကစားပြိုင်ပွဲအမျိုးအစားများကို ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ New National Stadium ရဲ့ ဒီဇိုင်းဟာဆိုရင် ဂျပန်ရိုးရာဆန်တဲ့ အလှအပဒီဇိုင်းတွေနဲ့ modern engineering နည်းပညာကိုပေါင်းစပ်ကာ ဆောက်လုပ်ထားတာဖြစ်ပြီးတိုကျိုမြို့ ရဲ့ အကြီးဆုံးပန်းဥယျာဉ် တွေထဲက တစ်ခုဖြစ်တဲ့ Meiji Jingu ဘုရားကျောင်းရဲ့ outer garden မှာ တည်ရှိတာဖြစ်ပါတယ်။ Olympic ကျင်းပမယ့်နေရာကိုတော့”Stadium in the forest” ဟုအမည်ပေးထားပါတယ်။ ပွဲကြည့်ပရိသတ် ထိုင်ခုံများဟာလည်း ခန့်မှန်းခြေ ၆၀,၀၀၀ ခန့် ရှိပြီး အစိမ်းရောင်၊အညိုရောင်၊ အညိုရောင်ကိုအခြေခံထားတဲ့အရောင်များဖြင့် အလှဆင်ထားပါတယ်။

Source: NHK

Stadium ကြီးရဲ့ ခေါင်မိုးကိုတော့ ဂျပန်နိုင်ငံရဲ့ (၄၇) ခရိုင်ကနေ ရရှိတဲ့ သစ်သား ၊ steel များဖြင့် ဆောက်လုပ်ထားပြီး မြက်ခင်းပြင်တွေ နေရောင်ရရှိနိုင်ဖို့အတွက် one section ကိုတော့ ဖန်သားဖြင့် ဆောက်လုပ်ထားပါတယ်။ နောက်ပြီး လေဝင်လေထွက်ကောင်းဖို့အတွက်လည်း ခေါင်မိုးတွေကို သစ်သားများဖြင့် ထောင့်ချိုးပုံစံ ဒီဇိုင်းဆောက်လုပ်ထားပါတယ်။ National Stadium အသစ်ဟာဆိုရင်တော့ နှစ်ဝက်ကျော်ကျော်လေးအတွင်းမှာပဲ အားကစားလောကရဲ့ အဓိကနေရာတစ်ခု ဖြစ်လာမှာကတော့အသေချာပါပဲ ။ Olympic ပရိသတ်များနှင့် ဂျပန်နိုင်ငံသားတွေအတွက်တော့ စနေနေ့ ဖွင့်ပွဲဟာ တစ်နှစ်တာ စိတ်လှုပ်ရှားမှုတွေရဲ့ အစသာလျင် ဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်