တိုကျိုပါရာလင်းပစ်ပြိုင်ပွဲ ကျင်းပရေးအစီအစဉ်ကိုကြေညာ

August 4, 2020 at 9:32 AM

တိုကျိုပါရာလင်းပစ်ပြိုင်ပွဲကျင်းပရေးကော်မတီက ရွှေ့ဆိုင်းခဲ့တဲ့ အားကစားပြိုင်ပွဲတွေအတွက် ပြိုင်ပွဲအစီအစဉ်ကို သြဂုတ်လ ၃လ မှာ ကြေညာလိုက်ပါတယ်။တစ်ချို့အားကစားနည်းတွေအတွက် ကျင်းပချိန်ကို အနည်းအကျဉ်းပြောင်းလဲခဲ့တာကလွဲပြီး အခုနှစ်မှာကျင်းပဖို့ စီစဉ်ထားခဲ့တဲ့အတိုင်း အားကစားပြိုင်ပွဲတွေပြုလုပ်မယ့် နေရာတွေမှာပဲ ကျင်းပသွားမှာဖြစ်ပါတယ်။ပါရာလင်းပစ်အားကစားပြိုင်ပွဲတွေကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၄ ရက်ကစပြီး ၁၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး အဲဒါဟာ အခုနှစ်မှာကျင်းပဖို့စီစဉ်ထားတာထက် ၁ ရက် ပိုစောပါတယ်။ ကမ္ဘာအနှံ့ကအားကစားသမားတွေဟာ အားကစားနည်း ၂၂ မျိုး က ပြိုင်ပွဲပေါင်း၅၃၉ ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။အခုနှစ်အတွက် ဆွဲထားတဲ့အစီအစဉ်အတိုင်းပဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၄ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပိတ်ပွဲကို စက်တင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ပါမယ်။ အဲဒီအခမ်းအနား နှစ်ခုစလုံးကို ည ၈ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။

SOURCE – Tokyo Today