ကျောင်းအကြာကြီးပိတ်ထားခဲ့ရာမှ အတန်းတွေ ပြန်လည်ဖွင့်လှစ် လိုက်တဲ့ Tokyo

June 1, 2020 at 8:08 PM

သုံးလ အတွင်း ပထမဆုံးအနေနဲ့ ဇွန်လ ၁ ရက်နေ့မှာ Tokyo ရှိ မူလတန်း နဲ့ အလယ်တန်း ကျောင်း အတန်းတွေကို ပြန်လည် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
Tokyo၊ Mitaka မြို့နယ် က Higashidai မူလတန်းကျောင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မခံရအောင် ကာကွယ်ဖို့အတွက် အတန်းတစ်တန်းကို နှစ်အုပ်စု ခွဲပြီး စာသင်ကြားနည်းကို အသုံးချ ခဲ့ပါတယ်။ ပထမတန်းကျောင်းသားတွေဟာ လွန်ခဲ့တဲ့ ၂လက ကျောင်းအပ်ပြီး တဲ့နောက် လေ့လာသင်ယူမှုတွေကို နေအိမ်ကနေ ပြုလုပ် နေခဲ့ရတာ ဖြစ်ပြီး ဆရာနဲ့ လူချင်းတွေ့ သင်ရတဲ့ အတန်းကို ပထမဆုံး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့တွေဟာ ဂျပန်ဘာသာအတန်းမှာ ဟီရာ့ဂါ့နာ့ (Hiragana) အက္ခရာတွေကို ဘယ်လိုရေးသားရမလဲဆိုတာကို လေ့လာသင်ယူ ခဲ့ကြပါတယ်။
ကျောင်းသွားဖို့အတွက် အိပ်မက်မက်နေခဲ့တာ တကယ့်ကို စိတ်လှုပ်ရှားခဲ့ရတယ်လို့ ကျောင်းသားလေးတစ်ဦးက ပြောခဲ့ပါတယ်။
သူက ဟီရာ့ဂါ့နာ့ အက္ခရာတွေကို ရေးသားရတာဟာ ခက်ခဲပေမဲ့ ပျော်ဖို့ကောင်းတယ်၊ အတန်းဖော်သူငယ်ချင်းတွေနဲ့ ကစားရတာကို ကြိုက်တယ်လို့ သူက ပြောခဲ့ပါတယ်။
Tokyoက အစိုးရ မူလတန်းနဲ့ အလယ်တန်းကျောင်း ၁၈၀၀ ကျော်ရဲ့ နွေဦး စာသင်နှစ်ကာလကို ဇွန်လ ၁ ရက်နေ့က ပြန်လည်စတင်ခဲ့ပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် ပညာရေးမှာ နှောင့်နှေးခဲ့ရတာတွေကို အတိုးချပြီး အမီသင်နိုင်ဖို့ အတွက် စိန်ခေါ်ရင်း ကျောင်းတွေဟာ ကျောင်းသူကျောင်းသားတွေအပေါ် အပို ဝန်ပိတာမျိုး မဖြစ်အောင်ကြိုးစား နေရပါတယ်။
Higashidai မူလတန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး Yamashita Hiroshi က ကလေးတွေ ကျောင်းပြန်တက် တာကို မြင်ရတဲ့အတွက် စိတ်လှုပ်ရှားခဲ့ရကြောင်း ပြောခဲ့ပါတယ်။
သူက အထူးသဖြင့် ရောဂါပိုးကူးစက်မှု ဒုတိယ နဲ့ တတိယလှိုင်းတွေ ရှိလာမှာစိုးတဲ့အတွက် ဘေးကင်းလုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်ရင်း ကျောင်းသားကျောင်းသူတွေ အတွက် သူတို့ ဆုံးရှုံးခဲ့ရတဲ့ သင်ယူလေ့လာမှု အခွင့်အရေးတွေကို ပြန်အစားထိုး ပေးချင်တယ်လို့ ပြောခဲ့ပါတယ်။
SOURCE – Japan Today

Tags: