အရေးပေါ်အခြေအနေ မေလ ၂၅ ရက်နေ့မှာ အရေးပေါ်အခြေအနေ ရုပ်သိမ်းသွားဖို့ရှိတဲ့ Tokyo

May 23, 2020 at 10:42 PM

ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် ထိန်းချုပ်ရေး ကြိုးပမ်းချက်တွေမှာ ဆက်တိုက် တိုးတက်မှုတွေ ရှိတာကြောင့် အစောဆုံး မေလ ၂၅ ရက်နေ့မှာ Tokyo နဲ့ တခြားခရိုင် ၄ ခုမှာ အရေးပေါ် အခြေအနေကို ဂျပန်အစိုးရက ရုပ်သိမ်းဖွယ် ရှိပါတယ်။
အစိုးရရဲ့ ကျွမ်းကျင်ပညာရှင်တွေဆီက သဘောထား အမြင်တွေကို ရယူပြီး တနင်္လာနေ့မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်ပါတယ်။ တခြားခရိုင် ၄ ခုကတော့ တိုကျိုအနီးက Kanagawa၊ Chiba၊ Saitama နဲ့ ဂျပန်မြောက်ပိုင်းမှာရှိတဲ့ Hokkaido ခရိုင် တို့ပဲ ဖြစ်ပါတယ်။
သောကြာနေ့က တိုကျိုမှာ ကူးစက်ခံရသူအသစ် ၃ ဦးရှိခဲ့ပါတယ်။ ကူးစက်ခံရမှုအရေအတွက်ဟာ ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာ အရေးပေါ်အခြေအနေ ရုပ်သိမ်းဖို့ စံနှုန်းတွေထဲက တစ်ခုဖြစ်တဲ့ လူ တစ်သိန်းမှာ ကူးစက်ခံရမှု ဝ.၅ ဦး အောက်ကို ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ Kanagawa နဲ့ Hokkaido ခရိုင်တွေမှာ ကူးစက်ခံရမှုနှုန်းဟာ အဲဒီစံနှုန်း အထက်မှာပဲရှိနေပါသေးတယ်။
ကူးစက်ခံရသူ အသစ် အရေအတွက်ဟာ ကျဆင်းလာနေပြီး အဲဒီ ခရိုင်တွေ အားလုံးမှာရှိတဲ့ ဆေးရုံတွေက အခြေအနေတွေဟာလည်း တိုးတက် ကောင်းမွန်လာနေတယ်လို့ စီးပွားရေး ပြန်လည် အားကောင်း လာစေရေးဝန်ကြီး Nishimura Yasutoshi က မေလ ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေမယ်ဆိုရင် အရေးပေါ်အခြေအနေကို ရုပ်သိမ်းဖွယ် ရှိ တယ်လို့ ဝန်ကြီးက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
SOURCE – Japan Today