Toyota ကုမ္ပဏီ ဧပြီလ ကနေ ဇွန်လအထိ သုံးလပတ် ကာလမှာ ပိုငွေပြ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး အကျဘက်ကို ဦးတည်နေပေမဲ့ Toyota ကုမ္ပဏီကတော့ အခုနောက်ဆုံး သုံးလပတ်ကာလမှာ အမြတ်ရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းက ရောင်းအားဟာ ယန်းငွေအားဖြင့် ၄၀ရာခိုင်နှုန်း ကျနေပေမဲ့လည်း ဧပြီလကနေ ဇွန်လအထိ သုံးလပတ်ကာလမှာ Toyota ကုမ္ပဏီရဲ့ ဝင်ငွေစာရင်းမှာ ပိုငွေပြခဲ့ပါတယ်။
လုပ်ငန်းလည်ပတ်မှုက ရတဲ့ ဝင်ငွေဟာ ၉၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး အသားတင် ဝင်ငွေကတော့ ၇၄ ရာခိုင်နှုန်းကျဆင်းလာကာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိခဲ့ပါတယ်။
ကုန်ကျစရိတ်လျှော့ချရေးကြိုးပမ်းမှုတွေကြောင့် ဝင်ငွေဟာ ပိုငွေပြခဲ့တာ ဖြစ်တယ်လို့ Toyota ကုမ္ပဏီက ဆိုပါတယ်။
SOURCE – Japan times