Toyota ကားကုမ္မဏီမှ အနာဂါတ်မြို့တော်တည်ဆောက်သွားမည့်Project အား CES 2020 တွင်ထုတ်ဖော်ပြသခဲ့

January 11, 2020 at 9:05 PM

၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလ (၇)ရက်နေ့မှစတင်၍ အမေရိကန်နိုင်ငံ Las Vegas မြို့တွင်ကျင်းပပြုလုပ်လျှက်ရှိသော ကမ္ဘာ့အကြီးမားဆုံးလျှပ်စစ်ပစ္စည်းကုန်စည်ပြပွဲကြီး CES 2020 တွင် ဂျပန်နိုင်ငံအခြေစိုက် Toyota ကားကုမ္ပဏီမှ အနာဂါတ်မြို့တော်ဆောက်လုပ်သွားမည့် Project အားထုတ်ဖော်ပြသခဲ့ပါတယ်။

ဆောက်လုပ်ရခြင်း၏အဓိကရည်ရွယ်ချက်ကတော့ မောင်းသူမဲ့ယာဉ်များနှင့် AI နည်းပညာကိုအခြေခံထားသည့်ဝန်ဆောင်မှုများအားစမ်းသပ်ပြုလုပ်ရန်အတွက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင်စတင်ဆောင်လုပ်သွားမည်ဟုပြောကြားခဲ့ပါတယ်။

Toyota ကားကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ Mr.Toyoda မှ ” အနာဂါတ်မြို့တော်တွင် လူပေါင်း ၂၀၀၀ ကျော်နေထိုင်သွားမှာဖြစ်ကြောင်း ၊ Data နှင့် အာရုံခံကိရိယာများမှတစ်ဆင့် လူ ၊ အဆောက်အဦး ၊ မော်တော်ယာဉ်များ အားလုံးအတူတကွ ချိတ်ဆက်ဆက်သွယ်ခြင်းဖြင့် ကွန်ပြူတာကမ္ဘာ(Virtual World) မှာရော လက်တွေ့မှာပါ AI နည်းပညာကို တွင်ကျယ်စွာစမ်းသပ်နိုင်မည်ဖြစ်သည် ” ဟုပြောကြားခဲ့ပါတယ်။

Tags: