Corona ရောဂါအလွန် မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေ ပြည့်နေတဲ့ ရထားဘူတာတွေက ကျောက်သင်ပုန်းတွေ

တစ်ခါတုန်းက ဂျပန်ရထားဘူတာတိုင်းမှာ အများသုံး ကျောက်သင်ပုန်းတွေ ရှိခဲ့တယ်။ ဆဲလ်ဖုန်းတွေ အများသုံးတယ်လီဖုန်းတွေ မရှိခင်တုန်းက ရထားဘူတာတွေ မှာ သူငယ်ချင်းတွေ ချစ်ရသူတွေ မိသားစုဝင်တွေ ချိန်းထားတဲ့အတိုင်း မတွေ့ဖြစ်ခဲ့ကြတဲ့အချိန်တွေ တွေ့ဖို့ အကြောင်းတစ်စုံတစ်ရာကြောင့် လွဲခဲ့တဲ့ အခါမျိုးတွေမှာ ဒီကျောက်သင်ပုန်းတွေကို ကြားခံ အဆက်အသွယ် တစ်ခု အဖြစ် အသုံးပြုခဲ့ကြတယ်။
လက်ကိုင်ဖုန်းတွေ နဲ့ စာတို ပေးပို့လို့ ရတဲ့ အက်ပလီကေးရှင်းတွေ လူတွေ လက်ထဲ ရောက်သွားတဲ့ အချိန်မှာ ဒီ ကျောက်သင်ပုန်းတွေ ဟာ လူတွေ အသုံးမပြုတော့ တဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်လာခဲ့ကြတယ်။ ဘူတာတွေ ဟာ ဒီကျောက်သင်ပုန်းတွေ ကို မပျက်စီးအောင် ထိန်းသိမ်းနေရင်းက နေ စတင်ဖယ်ရှားဖြစ်ဖို့ ကြိုးစားလာခဲ့ကြတဲ့အချိန်ကို ရောက်လာခဲ့ရာမှာပဲ Corona ရောဂါက ပြန့်ပွားလာခဲ့ပါတော့တယ်။


အဲ့ဒီအချိန်မှာပဲ Higashi Kanagawa ဘူတာရုံမှာ ကျောက်သင်ပုန်း တစ်ခု အပြင် နောက်ထပ် သုံးခု ကို ထပ်ပြီး တပ်ဆင်ခဲ့ပါတော့တယ်။ ဂျပန်နိုင်ငံ ရဲ့ ဒုတိယ အကြီးဆုံး မြို့တစ်မြို့ ဖြစ်တဲ့ Yokohama လို နေရာမှာ ဘယ်လို ဖြစ်လို့ ခေတ်ဟောင်း ကျောက်သင်ပုန်းတွေကို ပြန်ပြီး တပ်ဆင်ခဲ့ကြရတာလဲ။
ဒီအဖြေ ကို တော့ ကျောက်သင်ပုန်းတွေ ပေါ်မှာ မြေဖြူနဲ့ ရေးထားခဲ့တဲ့ စာတိုလေးတွေက ပြောပြ နေ မှာပါနော်။


“Corona Virus ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ တတ်နိုင်တဲ့ဘက်က ပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းတွေ မှာ လုပ်ချင်တာတွေအများကြီးကို အားလုံးဟာ ဘေးဖယ်ထားရတယ်ဆိုတာ သိပါတယ်။ သွားချင်တဲ့နေရာတွေ တွေ့ချင်တဲ့ သူတွေ ရှိကြမယ်ဆိုတာ ယုံကြည်ပါတယ်။ အဲ့ဒီခံစားချက်တွေ စာအဖြစ်နဲ့ ရေးပေးခဲ့လို့ရပါတယ်။” ဆိုပြီး ကျောက်သင်ပုန်းမှာ ရေးထားပါတယ်။ အခုလို Isolation လုပ်နေရတဲ့ ကာလ မှာ စိတ်ဖိစီးမှု မြင့်နေမှာ စိုးတာရယ် ကြောင့် အခုလို အတွေးတွေ လုပ်ချင်တာတွေ ကို ကျောက်သင်ပုန်းပေါ်မှာ ချရေးရင်းနဲ့ ဖြေဖျောက်လို့ ရနိုင်တယ်လို့ ရထားဘူတာ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်လူမှုကွန်ယက်တွေ ပေါ်မှာ ရေးတင်လို့ ရတဲ့ စာကြောင်းတွေ ဆိုပေမဲ့ ဒီလို ကျောက်တင်ပုန်းပေါ်မှာ ချ ရေးပြီး ခံစားချက်ဖွင့်ထုတ်လိုက်တာမျိုးက လူ့အဖွဲ့အစည်း တစ်ခု ရဲ့ တစ်စိတ်တစ်ပိုင်းထဲမှာ ကိုယ် ဖြစ်ရှိနေတယ်ဆိုတာမျိုးကို ပြသ နေတယ်လို့ လည်း သူက ဆိုပါတယ်။ ဒီလို မျှော်လင့်ချက်တွေ အိမ်မက်တွေ ရေးထားတဲ့ ကျောက်သင်ပုန်းတွေကို နေ့စဉ် ညနေ ပိုင်း ၆ နာရီတိုင်း ဖျက်ပေးထားလေ့ ရှိပါတယ်။

SOURCE – SORANEWS24

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်