ကပ်ရောဂါကြောင့် အရည်အသွေးပိုမိုကောင်းမွန်လာတဲ့ တာရှည်ခံ ဂျပန်

October 19, 2020 at 5:06 PM

ကိုရိုနာကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဂျပန်ကုမ္ပဏီများက အရသာနဲ့ အရည်အသွေး ပိုမိုကောင်းမွန်တဲ့ တာရှည်ခံ စားသောက်ကုန်များကို ထုတ်လုပ်လာခဲ့ကြပါတယ်။

ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာခဲ့ခြင်းကြောင့် လူအများက ၎င်းတို့ရဲ့ နေအိမ်မှာ အနေများလာခဲ့တာကြောင့် တာရှည်ခံအစားအစာ ဝယ်ယူစားသုံးမှုနှုန်းမှာ မြင့်တက်လာခဲ့ပါတယ်။ ပင်လယ်စာထုတ်လုပ်သူများနဲ့ အခြား တာရှည်ခံအစားအစာ ထုတ်လုပ်ရောင်းချသူတွေက ပညာရှင်များရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ တန်ဖိုးကြီး ဟင်းအမယ်များကို ထည့်သွင်းထားတဲ့ တာရှည်ခံ အစားအစာတွေကို ထုတ်လုပ်လျက်ရှိပါတယ်။

SOURCE – Nippon