ဂျပန်က Social Distancing ပိုစတာလေးတွေ

ကိုရိုနာဗိုင်းရပ်စ် ပိုး စတင်ပြန့်ပွားကတည်းက ပြည်ပနိုင်ငံတွေမှာ Social Distancing ကို စတင်ကျင့်သုံးလာခဲ့ကြတာ လပိုင်းအနည်းငယ်ခန့် ရှိပါပြီ။ ဂျပန်နိုင်ငံဟာလည်း လက်ရှိမှာ လူတစ်ယောက်နဲ့ တစ်ယောက် နှစ်မီတာ အကွာမှာ နေဖို့ တိုက်တွန်းထားတဲ့ Social Distancing ကို ကျင့်သုံးဖို့ ထုတ်ပြန်ထားပါတယ်။ စိတ်ဝင်စားစရာ နံရံကပ်စာစောင် ပိုစတာများနှင့် ချစ်စရာ ဇာတ်ကောင် အိုင်ဒီယာအမျိုးမျိုးဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများနှင့် နိုင်ငံသား တစ်ဦးချင်းစီက Social Distancing အသိပညာပေး ဆောင်ရွက်လျက်ရှိပါတယ်။

ဒီဇိုင်းကုမ္ပဏီ တစ်ခု ဖြစ်တဲ့ NOSIGNER တည်ထောင်သူက မည်သူမဆို အသုံးပြုနိုင်မဲ့အပြင် အမှတ်ရစရာ လည်း ဖြစ်အောင် ဒီဇိုင်းရေးဆွဲထားတဲ့ Social Distancing အသိပညာပေးပိုစတာ တွေကို လူ့အဖွဲ့အစည်းအတွက် Pandaid လို့ ခေါ်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုက နေ ဖြန့်ဝေ ပေးလျက်ရှိပါတယ်။

အသိပညာပေးပိုစတာ တစ်ခုချင်းစီမှာ Social Distancing ကို ကျင့်သုံးတာကြောင့် ရရှိမဲ့ အကျိုးကျေးဇူးတွေကို သရုပ်ဖော်ပုံနဲ့ အတူ ရှင်းလင်း ပုံဖော်ထားပါတယ်။ ဥပမာ- ရက် ၃၀ လောက် Social Distancing ကို ကျင့်သုံးရင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အရေအတွက်ဘယ်လောက်လျော့ကျသွားမယ် ဆိုပြီး ပြသထားပါတယ်။

ပိုစတာများတွင် တာတာမီကောက်ရိုးဖျာများအပါအဝင် ဂျပန်ယဉ်ကျေးမှုနဲ့ ကိုက်ညီလှတဲ့ နေ့စဉ်သုံးပစ္စည်းများ ထည့်သွင်းရေးဆွဲထားပါတယ်။

SOURCE – SORANEWS24