အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးနောက် နဂိုအခြေအနေ တိုကျိုမြို့တော် ပြန်ရောက်နိုင်မလား။

May 28, 2020 at 1:02 PM

ဂျပန်နိုင်ငံမှာ ရောဂါအသစ်တစ်မျိုးဖြစ်တဲ့ Corona Virus ကူးစက်ပြန့်ပွားပြီးနောက် မေလ ၂၆ ရက်နေ့ အစ နံနက်ခင်းလေးဟာ လမ်းပေါ်မှာ ဟိုအရင်ချိန်တွေလိုမျိုးပဲ ထောင်ပေါင်းများစွာသော လမ်းသွားလမ်းလာ တို့နဲ့ ပြည့်နှံ့နေခဲ့ပါတယ်။ Tokyo မြို့တော် ဘူတာရုံတွေမှာလည်း ရထားအတက်အဆင်း လူတွေနဲ့ ပြည့်ကြပ်နေခဲ့ပါတယ်။

အရေးပေါ်အခြေအနေ ကို မရုပ်သိမ်းခင် တစ်ရက်လောက် အလိုကတည်းက Tokyo နဲ့ စီရင်စု တွေဟာ ရောဂါမဖြစ်ပွားမီက ပုံမှန်အခြေအနေ ကို ပြန်လည် ရောက်ရှိနေခဲ့သလို ဖြစ်နေခဲ့ပါတယ်။ မီးရထားတွေဟာ လူတွေနဲ့ ပြည့်ကြပ်နေခဲ့ပြီး ရက်သတ္တပတ်များအကြာ နေအိမ်ကနေ အလုပ်လုပ်နေခဲ့ရတဲ့ လူ တွေကို အဖွဲ့အစည်း ကုမ္ပဏီတွေ ရုံးမှာ လုပ်ကိုင်ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း Corona Virus ကူးစက်ခံရမှု သို့မဟုတ် ပြန့်ပွားတာက ကာကွယ်ဖို့ အလုပ်လုပ်နည်း ပုံစံ အသစ်ကို ကျင့်သုံးခဲ့ပြီး ပြည်သူလူထုကလည်း ပုံမှန်အတိုင်း အသုံးချနိုင်ခဲ့ပြီး လူတော်တော်များများ ကလည်း နေအိမ်မှတဆင့် ဆက်သွယ်ရေးဖြင့် ဆက်လက် လုပ်ကိုင်လျက်ရှိပါတယ်။
မေလ ၁၁ ရက်နေ့ကနေ ၁၃ အတွင်း ဂျပန်ထုတ်လုပ်အားစင်တာ သုတေသနအဖွဲ့အစည်းးက ကောက်ယူခဲ့သော စစ်တမ်းအရ လူဦးရေ ၁၁၀၀ အနက် ၃၁၉ ဦး မှာ နေအိမ်မှတဆင့် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ နေအိမ်မှတဆင့် လုပ်ကိုင်လျက်ရှိသူ ၆၀ ရာခိုင်နှုန်းက တယ်လီ ဆက်သွယ်ရေးဖြင့် လုပ်ကိုင်ရတာ အဆင်ပြေကြောင်း ဖြေဆိုထားပါတယ်။

စားသောက်ဆိုင်တွေကိုလည်း နောက်ကျတဲ့အချိန်အထိ ဖွင့်နိုင်ရင် ခွင့်ပြုတဲ့အနေနဲ့ ပိတ်ချိန်ကို ည ၈ နာရီမှ ၁၀ နာရီ သို့ တိုးပေးခဲ့ပါတယ်။ လူမှုထိတွေ့ဆက်ဆံမှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး အဖြစ် စားသောက်ဆိုင်များကို COVID-19 ကူးစက်မှုက ကာကွယ်ရန် စည်းကမ်းချက်အသစ်များကို ထုတ်ပေးခဲ့ပါတယ်။
စည်းကမ်းချက်အသစ်များမှာ စားသောက်ဆိုင်ထဲကို ဝင်တာနဲ့အလိုအလျောက်ပိုးသတ်ဆေးစက်ဖြင့် ဆေးဖြန်ခံရမှာဖြစ်ပါတယ်။ ထို့နောက် ၅၀ စင်တီမီတာ အမြင့် ရှိတဲ့ ဘုတ်ပြားကို စားပွဲ အလယ်မှာ ချ ထားပြီး ရောင်းချသွားရမှာဖြစ်ပါတယ်။ လာရောက်ဝယ်ယူစားသုံးသူတွေက အစားအသောက်တွေကို စမတ်ဖုန်းမှတဆင့် မှာယူရမှာဖြစ်ပြီး စားပွဲထိုး ချပေးသော စားပွဲမှာ ကိုယ်တိုင်သွားရောက်ယူဆောင်စားသောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
SOURCE- The Asahi Shibum