အရေးပေါ်အခြေအနေ တိုးချဲ့ခြင်းအပေါ် အလုပ်သမားများနဲ့ မိဘများ စိုးရိမ်ပူပန်

အရေးပေါ်အခြေအနေ တိုးချဲ့ခြင်းအပေါ် အလုပ်သမားများနဲ့ မိဘများ စိုးရိမ်ပူပန်
မေလ ၄ ရက်နေ့မှာ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကြေညာချက်ကို မေလကုန်တဲ့အထိ တစ်လနီးပါး သက်တမ်းတိုးချဲ့ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abeက ထုတ်ပြန် ခဲ့ပြီးနောက်မှာတော့ ရောဂါဖြစ်ပွားမှုကြောင့် စားသောက်ဆိုင်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေက အလုပ်သမားများနဲ့ မိဘများက နောက်ထပ် ဘဏ္ဍာရေးနဲ့ တစ်ခြားအထောက်အပံ့များကို အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံတဝန်း အရေးပေါ်ကြေညာချက်ကာလကို ဝန်ကြီးချုပ် Abe တိုးချဲ့ခဲ့ပြီး နောက်မှာ တော့ Hokkaido၊ Tokyo၊ Osaka၊ Kyoto၊ Fukuoka နဲ့ အခြား စီရင်စု ၈ ခုကို အစိုးရ က အနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်။
“Corona Virus ရောဂါ ကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ဖို့အရေးကြီးတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး စီးပွားရေး သိပ်အဆင်မပြေတာကြောင့် ဒီနွေရာသီထဲတော့ ဖြည်းဖြည်းချင်း အလုပ်ပြန်လုပ်ခွင့်ပြုစေချင်တယ် လို့ ဂျပန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်သော အိုကီနာဝါကျွန်းရှိ ဟိုတယ်လုပ်ငန်းတစ်ခု ဖြစ်တဲ့ Kariyushi Group Holdings Co ပိုင်ရှင် Chokei Taira က ပြောပါတယ်။
Elementary School နဲ့ Junior high school များကို ကျောင်းသားအရေအတွက် အနည်းငယ်စီခွဲပြီး ဖွင့်လှစ်သွားဖို့ အစိုးရက ရည်ရွယ်ထားတယ်လို့သိရပါတယ်။ မိဘတွေနဲ့ ကျောင်းဆရာဆရာမတွေက ဒီလို အုပ်စု ငယ်လေးတွေ ခွဲပြီး သင်ကြားမဲ့အစီအစဉ်ကို သဘောတူပေမဲ့ ရောဂါကူးစက်မှာကို စိုးရိမ်နေဆဲဖြစ်တယ်။
SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်