စက်မှုမြို့တော် Nagoya

August 10, 2021 at 10:14 AM

ဂျပန်ရဲ့ စက်မှုမြို့တော် “နာဂိုယာ”(Nagoya City)နာဂိုယာမြို့သည် ဂျပန်နိုင်ငံ Chubu ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး Aichi ခရိုင်ရဲ့ မြို့တော်ဖြစ်ပါတယ်။ နေထိုင်သူဦးရေ ၂သန်းခန့်ရှိသည့် စတုတ္ထမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ဂျပန်ရဲ့ အဓိကဆိပ်ကမ်းမြို့လည်းဖြစ်ပါတယ်။ ဟွန်းရှူးကျွန်းရှိ အကြီးဆုံးလွင်ပြင် ၃ခုထဲမှ တခုဖြစ်တဲ့ Nobiလွင်ပြင်ရှိတဲ့ အဓိကမြို့လည်းဖြစ်ပြီး ဂျပန်ရဲ့Chūkyō metropolitan area လို့လူသိများပါတယ်။၁၆၁၀ ခုနှစ်(အယ်ဒိုခေတ်အတွင်း) စစ်ဘုရင် Tokugawa Ieyasuဟာ Kiyosu မှာရှိတဲ့ Owari စီရင်စုရဲ့ မြို့တော်ကို နာဂိုယာကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။ နာဂိုယာကို ၁၈၈၉ ခုနှစ်တွင် မြို့အဖြစ် ကြေညာခဲ့ပြီး မေဂျီခေတ်ပြန်လည်ထူထောင်ရေးတွင် ဂျပန်ရဲ့စက်မှုအခြေစိုက်မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။

ရိုးရာလုပ်ငန်းတွေဖြစ်တဲ့ နာရီ၊ စက်ဘီး၊ စက်ချုပ်စက်တွေအပြင် အထူးသံသတ္တုများ၊ ဓာတုပစ္စည်းများ၊ ဆီနှင့် ရေနံဓာတုပစ္စည်းများ၊ ဆိုင်ကယ်၊လေယာဉ်၊သင်္ဘောဆောက်လုပ်ရေးစက်မှုဇုန်များ ထွန်းကားလာခဲ့ပါတယ်။ ကမ္ဘာမှာ နာမည်ကြီးသည့် တိုယိုတာကားထုတ်လုပ်ရေးကုမ္ပဏီရဲ့ ရုံးချုပ်ဟာလည်း နာဂိုယာမှာ ဖြစ်ပါတယ်။

ဒါ့ပြင် နာဂိုယာဟာ နာဂိုယာတက္ကသိုလ်၊ နာဂိုယာနည်းပညာ တက္ကသိုလ်၊ နာဂိုယာမြို့ပြတက္ကသိုလ် တို့တည်ရှိပြီး Tokugawaအနုပညာပြတိုက်၊ Atsuta နတ်ကွန်း၊ Higashiyama တိရစ္ဆာန်ရုံ နှင့် ရုက္ခဥယျာဉ်၊ ဂျပန်ရဲ့ရှေးအကျဆုံး ရုပ်မြင်သံကြားတာဝါတိုင်ဖြစ်တဲ့ Nagoya TV Tower စတဲ့သမိုင်း၀င်ယဉ်ကျေးမှုအဆောက်အဦးများစွာရှိပါတယ်။ နာဂိုယာရဲ့ ထင်ရှားတဲ့ လည်စရာနေရာတချို့နှင့် မိတ်ဆက်ပေးချင်ပါတယ်။

ရထားပြတိုက် (Railway Museum)၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အလယ်ပိုင်းဂျပန်မီးရထားလိုင်းပြတိုက်ဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံးကျည်ဆန်ရထားနှင့် နောက်ဆုံးပေါ်သံလိုက်ရထားများ အပါအဝင် အနားယူသွားပြီဖြစ်တဲ့ရထား ၃၉ တွဲကို ခင်းကျင်းပြသထားပါတယ်။ ဒါ့ပြင် အိုဆာကာ၊ နာဂိုယာနှင့် တိုကျိုကို ချိတ်ဆက်ထားတဲ့ ရထားလိုင်းဆက်တင်ပုံစံငယ်ပန်းခြံတစ်ခုရှိပြီး ဂျပန်မှာ အကြီးဆုံးဖြစ်ပါတယ်။ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများသာမက အင်္ဂလိပ်ဘာသာဖြင့်ရှင်းပြထားသည့် အသံဖိုင်များလည်း ထားရှိပေးထားပါတယ်။

Nagoya, Japan – November 21 2013: Nagoya Castle was built by Ieyasu Tokugawa between 1610 – 1612, burnt down in WWII and reconstructed in 1957

နာဂိုယာရဲတိုက် (Nagoya Castle, 名古屋城)နာဂိုယာရဲတိုက်ကို အယ်ဒိုခေတ်အစောပိုင်းတွင် တည်ဆောက်ခဲ့ပြီး Tokugawa မိသားစုရဲ့ အခွဲ၃ခွဲထဲမှ Owari အခွဲအတွက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ရဲ့ အကြီးဆုံးရဲတိုက်တွေထဲက တစ်ခုဖြစ်ပြီး နာဂိုယာဟာ ရဲတိုက်အခြေစိုက်မြို့တော်ဖြစ်လို့ စတုတ္ထလူဦးရေအစည်ကားဆုံးမြို့ဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ရဲတိုက်အဆောက်အအုံအများအပြား ဖျက်ဆီးခံခဲ့ရပေမဲ့ ၁၉၅၉ခုနှစ်တွင် အသစ်ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ယခုလက်ရှိ သံကူကွန်ကရစ်ဖြင့် ပြန်လည်တည်ဆာက်ထားသည့် နာဂိုယာရဲတိုက်တွင် ရဲတိုက်သမိုင်းကြောင်းများကို ပြသထားသည့် ခေတ်မှီပြတိုက်တစ်ခုပါဝင်ပါတယ်။

ရဲတိုက်ရဲ့ နန်းတော်ဆောင်(Honmaru Goten) ကိုလည်း ရှေးရိုးရာမူမပျက် လှပဆန်းကြည်တဲ့ပန်းချီများဖြင့် ပြန်လည်ခြယ်မှုန်းဆောက်လုပ်ပြီး ၂၀၁၈ ဇွန်လတွင် ပြည့်ပြည့်စုံစုံ ခင်းကျင်းပြသခဲ့ပါတယ်။ နာဂိုယာရဲတိုက်ဟာ နွေဦးရာသီ ချယ်ရီပန်းကြည့်ပွဲတော်ကျင်းပချိန်တွင် စည်ကားလှပါတယ်။

ခိုးရမ်းခေးချိုင့်ဝှမ်း (Korankei Valley)ခိုးရမ်းခေးချိုင့်ဝှမ်းဟာ နာဂိုယာမြို့အနီးမှာရှိပြီး Chubuဒေသတွင်းရှိ ဆောင်းဦးရာသီရှူခင်းအနေဖြင့် နာမည်ကြီးလှပါတယ်။ Kojakuji ဘုရားကျောင်းတည်ရှိတဲ့ ၂၅၄မီတာရှည်လျားသည့် Iimoriတောင်ဟာ တောင်ကြားချိုင့်ဝှမ်းသဏ္ဍာန်ဖော်ဆောင်နေပါတယ်။ ၁ရရာစုလောက်မှာ Kojakuji နတ်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က ချိုင့်ဝှမ်းမှ နတ်ဘုရားကျောင်းသွားရာလမ်းတလျှောက်ကို မေဘယ်ပင်များ စီတန်းစိုက်ပျိုးခဲ့ပါတယ်။ ဒါ့ကြောင့် ယနေ့ခေတ်မှာ နှစ်စဉ် နိုဝင်ဘာလကုန်ပိုင်းလောက်ဆိုရင် အလှပဆုံးဆောင်းဦးရာသီရှူခင်းကို မြင်တွေ့နိုင်ပါတယ်။ အနီရောင် တိုင်းဂယ်စွတ်ခရော တံတား (Taigetsukyo Bridge) ဟာ ခိုးရမ်းခေးချိုင့်ဝှမ်းရဲ့ သင်္ကေတဖြစ်ပါတယ်။ ခိုးရမ်းခေးချိုင့်ဝှမ်းရဲ့ အခြားဆွဲဆောင်ရာနေရာကတော့ Sanshu Asuke Yashiki Village ဖြစ်ပြီး၊ ၀ါးခြင်းတောင်းများ၊ ကောက်ရိုးဖိနပ်များ၊ မဲနယ်ဆိုးတဲ့ လက်ကိုင်ပုဝါများ၊ ဂျပန်စက္ကူပို့စကတ် စတဲ့ ဂျပန်ရှေးရိုးရာ လက်မှုလက်ငန်းတွေကိုကိုယ်တိုင်အတွေ့အကြုံယူရင်း လေ့လာနိုင်ပါတယ်။

နာဂိုယာဒေသရဲ့နာမည်ကြီးတဲ့ အစားအစာများကတော့ • Hitsumabushi (နာဂိုယာစတိုင်လ် ငါးရှဉ့်ထမင်းပေါင်း)• Tebasaki (ကြက်တောင်ပံကြော်)• Misokatsu (မီဆိုအသားကတ်တလစ်)• Misonikomi (မီဆိုနီခိုမိခေါက်ဆွဲ)• Kishimen (ခိရှိမန်းခေါက်ဆွဲပြား)

ထိုဒေသရှိ တက္ကသိုလ်များ

Nagoya University (http://en.nagoya-u.ac.jp/)Chukyo University (https://www.chukyo-u.ac.jp/english/) Daido University (https://www.daido-it.ac.jp/)Nagoya Institute of Technology (https://www.nitech.ac.jp/eng/)Nagoya City University (https://www.nagoya-cu.ac.jp/english/)Sugiyama Jogakuen University (http://www.sugiyama-u.ac.jp/en/)Meijo University (https://www.meijo-u.ac.jp/english/)Nanzan University (https://www.nanzan-u.ac.jp/English/) Nagoya University of Arts (http://www.nua.ac.jp/en/)Kinjo Gakuin University (https://www.kinjo-u.ac.jp/eng/)Nagoya Women’s University (https://www.nagoya-wu.ac.jp/en/guide_uni.html)Aichi Gakuin University (https://www.agu.ac.jp/english/)Aichi Prefectural University (https://www.aichi-pu.ac.jp/eng/)Aichi Toho University (https://www.aichi-toho.ac.jp/)Toyota Technological Institute (https://www.toyota-ti.ac.jp/english/)Nagoya Gakuin University (https://www.ngu.jp/english/)Tokai gakuen University (https://www.tokaigakuen-u.ac.jp/english/)Doho University (https://www.doho.ac.jp/)Aichi Prefectural University (https://www.aichi-pu.ac.jp/eng/)