国立科学博物館 သိပ္ပံပြတိုက် သို့ လေ့လာရေး ခရီးတစ်ခေါက်

အားလုံးဘဲမင်္ဂလာပါ။ ဒီနေ့ ကျွန်တော် လျှောက်လည်ခဲ့တဲ့ ဂျပန်က ပြတိုက်လေး အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ အားတဲ့ အခါ စာဖတ်သူတို့ သွားလည်စရာ တစ်နေရာ တိုးတာပေါ့ဗျာ။

国立科学博物館 (こくりつかがくはくぶつかん)
*National Museum of Nature and Science*

သူကတော့ Ueno မှာတည်ရှိတာပါ။ ပြတိုက်ကို အဓိကအားဖြင့် ဂျပန် နဲ့ ကမ္ဘာ ဆိုပြီး ၂ ပိုင်း ခွဲထားပါတယ်။ ဝင်ကြေး ၆၂၀ ယန်းပါ။ ဂျပန်မှာရှိတဲ့ ကလေးတွေ တော်တော်လေး ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဘာလို့လည်းဆိုတော့ ခုလိုပြတိုက်တွေက ကလေးလူငယ်တွေစိတ်ဝင်စားအောင်လုပ်ထားပြီး ပညာရေးဘက်ကို များစွာ အထောက်အကူ ပေးပါတယ်။

ခုပြတိုက်မှာဆိုရင် ကျွန်တော်တို့ ကျောင်းဖတ်စာ စာအုပ်ထဲမှာရှိတဲ့ စာတွေ့တွေ အကုန်လုံးကို နားလည်လွယ်ပြီး လက်တွေ့ စမ်းသပ်နိုင်အောင် ပြုလုပ်ပေးထားတာလေး ကတော့တကယ့်ကို စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။ အသေးစိတ် အထိပါ ရှင်းပြပေးထားတာလည်းတွေ့ရပါတယ်။… စက်လေးတွေ လည်းနေရာတကာရှိပြီး short video လေးတွေကလည်း ကိုယ်သိချင်တဲ့ အကြောင်းအရာကို အချိန်အနည်းငယ်နှင့် သိခွင့်ရအောင် အထောက်အကူပြုပေးနေပါတယ်။

ပြတိုက်ကို လာတဲ့လူတွေကတော့ မူလတန်း အရွယ် ကလေးတွေကနေပြီး တက္ကသိုလ် ကျောင်းသားတွေလည်းလာလေ့လာကြပါတယ်။ သူတို့အနေနဲ့ကတော့ ကျောင်းကနေ မဖြစ်မနေ အစီအစဉ်လုပ်ပြီး သင်ယူလေ့လာဖို့လွှတ်တာဖြစ်ပါတယ်။

ကမ္ဘာဘက် အဆောက်အအုံအကြောင်းကို အရင်ပြောပါမယ်။

အဆောက်အအုံထဲ ဝင်သွားတာနဲ့ title တစ်ခုစီနဲ့ ၆ ထပ်ခွဲ ထားပါတယ်။ အဲ့ထဲက ကျွန်တော် သဘောအကျဆုံး အထပ်က စပြီး အစဉ်လိုက် မိတ်ဆက် ပေးပါမယ်။

B3 သဘာ၀ ပတ်ဝန်းကျင်ရဲ့ လှုပ်ရှားမှု ကို ရှာဖွေခြင်း။ ဝင်သွားတာနဲ့ ဂျပန်သမိုင်းမှာ နာမည်ကြီး သိပ္ပံပညာရှင်တွေရဲ့ အတ္ထုပတ္တိတွေကို counter လေးတွေနဲ့ တစ်ခု စီ လုပ်ထားတာကို တွေ့ရမှာပါ။

နောက်ဆက်ပြီး ကြေးနန်းစက်တွေ အသံလှိုင်းတွေ နံပါတ် နဲ့ပတ်သတ်တာတွေကို အသေးစိတ် လေ့လာလို့ရ အောင် လုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

နောက်ပြီး မူလတန်း ကလေးတွေအတွက် s . kg .m .A .k, cd. mol စတဲ့အရာတွေ ကို စာတွေ့တင်မဟုတ်ဘဲ လက်တွေ့ ပါ စမ်းသက်လို့ ရအောင် ရှေ့မှာရှင်းပြတဲ့ board လေးနဲ့ model အသေးလေးတွေ ပါလုပ်ပေးထားပါတယ်။ စာသင်တာထက်ဒါမျိုးလေး ကလိလိုက်တော့ တစ်ခါတည်း မှတ်မိ ရလွယ်စေပါတယ်။

နောက်ပြီး ကျွန်တော်တို့ အာကာသနဲ့ပတ်သက်တဲ့ အရာတွေ၊ ကြယ်တာယာတွေ အကြောင်းကို ရှင်းပြထားတာ တွေ့ရမှာပါ။ sample model တွေ။

အပြင် ကြယ်တာယာမှာ ခရီးသွား ရအောင်ဆိုပြီးတော့ စက်ကလေးတစ်ခု ထားထားပေးပါတယ်။ အာ့စက်မှာ အသေးစိတ် တစ်ခုချင်း ထောက်ပြီး ကြည့်လို့ ရပါတယ်။ ဒါတင် မဟုတ်ပါဘူး။ ဂျပန်လိုပါ အသံထွက် ရှင်းပြပေးပါတယ်။ကြယ် တွေ ရဲ့ လမ်းကြောင်း ကြည့်တဲ့ စက်ကလေးလည်း ရှိပါသေးတယ်။


ကျွန်တော်တို့ ၁၀တန်းတုန်း က အသေကျက်ခဲ့ရတဲ့ chemistry တွေကို sample ပုံနဲ့ ပြထားတဲ့ စက်လေးလည်းတွေ့ရပါတယ်။ အာ့ဒါမျိုး အကုန်အစုံကို ခုစက်ကြီးမြင်မှ ဘယ်အရာက ဘာ ပုံစံလည်းဆိုတာ မြင်ဖူးတာပါ ) သူရှေ့မှာ monitor လေးရှိပါတယ်။ အဲ့မှာအလှကုန်၊ လူသုံးကုန်မျိုးစုံကို ဘယ် Chemical Compound တွေနဲ့ လုပ်ထားလဲ ဆိုတာသိအောင် ရွေးကြည့်လို့ ရပါတယ်။ ဥပမာ နှုတ်ခမ်းနီ ဆိုရင် အဲ့ ထားမှာ ဘာ compound တွေ ပါလဲ ဆိုတာကို သိချင်လို့ ခလုတ်နှိပ်လိုက်တာနဲ့ ခုစက် မှာ ပါတဲ့ chemical တွေ က မီးလင်း လာပါတယ်။

နောက် အထည်ချုပ်လုပ်ငန်းတွေ မှာသုံးခဲ့တဲ့ နည်းပညာတွေ တိုးတက်လာပုံ တစ်ဆင့်ချင်းကို မြင်သာအောင် sample တစ်ခုချင်း ပြထားတာလေးကလည်း စိတ်ဝင်စားဖို့ ကောင်းချက်က 9+ ပါပဲ။

B2 အထပ်ကတော့ ဒိုင်နိုဆော ပေါ့ ။ အဲ့နေရာမှာ ဒိုင်နိုဆော ဘယ်အမျိုး အစားက ဘယ် လောက် တောင်ကြီးလဲ၊ ဘယ်လို အကောင်မျိုးတွေလဲကို လေ့လာလို့ရပါတယ်။

B1 မှာတော့ လူသားပြောင်းလဲမှု ဖြစ်စဉ် အဆင့်ဆင့် ဖြစ်တဲ့ evolution တွေကို ကြည့်နိုင်ပါတယ်။

1F မှာတော့ ပင်လယ်နေသတ္တဝါတွေ၊ အပင်မျိုးစိတ်တွေ၊ အင်းစက်မျိုးစိတ်တွေ လက်ရှိ ကမ္ဘာမှာရှိနေတဲ့ သက်ရှိသတ္တဝါမျိုးစိတ်တွေ အကြောင်းကို လေ့လာလို့ ရနိုင်ပါတယ်။

2F ကတော့ နည်းပညာတွေ အကြောင်းပါ။ နည်းပညာတွေ ဘယ်လို တိုးတက်လာတာလဲဆိုတာကို ခင်းကျင်း ပြသထားပါတယ်။

ကားတွေ လေယာဉ်တွေ-

ဂြိုလ်တုတွေ

Late Edoခေတ် က နာရီ

အသံလှိုင်းတခြားလက်တွေစမ်းလို့ရတဲ့ စက်အမျိုးအစားပေါင်းများစွာရှိပြီး တော်တော်လေးကို ပြည့်စုံအောင်လုပ်ပေးထားတာက တကယ် အားကျဖို့ကောင်းပါတယ်။

ပြီးတဲ့နောက် ကမ္ဘာရဲ့အတွင်းပိုင်း ဖွဲ့စည်းပုံကို လေ့လာတဲ့ စက်တွေ ပြထားတာ ဖြစ်တဲ့အတွက် ကလေး တော်တော် များများ စိတ်ဝင်တစား လေ့လာနေတာကို တွေ့ရမှာပါ။


ကိုယ်တွေမြန်မာပြည်မှာလည်း ဒါမျိုးလေးလုပ်ပေးထားရင် ကောင်းမှာပဲဆိုတဲ့ အတွေးဝင်မိပါတယ်။

3F ကတော့ ကုန်းနေသတ္တဝါနှင့် ငှက်တွေရဲ့ ရုပ်လုံးတွေကို တွေ့မြင်နိုင်ပါတယ်။

ကလေး ကစားကွင်းလေးနဲ့ တွဲထားတဲ့ အထပ်ဖြစ်ပါတယ်။ ကလေးကစားကွင်း ထဲမှာလည်း ကလေးတွေ အတွက် ချစ်စရာကောင်းတဲ့ အရုပ်ကလေးတွေ ထည့်ပေးထားတာလေးကိုလည်း တွေ့နိုင်ပါတယ်။

နောက်အဆောက်အအုံတစ်ခုကတော့ ဂျပန်ပါ။

ပထမ အထပ်မှာတော့ … ဒိုင်နိုဆော ခေတ် က ဟာတွေကို ပန်းချီ နဲ့ တစ်ဆင့်ချင်း ပြောင်းလာတာကို ပြထားတဲ့ အခန်းလေးရှိပါတယ။် လေးထပ်မှာတော့ ခေတ်အဆက်ဆက် ပြောင်းလဲ အသုံးပြုလာတဲ့ စက်ပစ္စည်းလေးတွေ ကို ပြထားတာတွေ့ ရမှာပါ။

နောက်၂ ထပ်ကတော့ ဂျပန် ကျွန်းစုဖြစ်ပေါ်လာပုံ အဆင့်ဆင့် နဲ့ ခေတ် အဆက်ဆက်က ကျောက်ခေတ်ကနေ ယခုအချိန် အထိ တိုးတက်လာတဲ့ ပြောင်းလည်းမှုတွေ ယဉ်ကျေးမှု နေထိုင်မှု ပုံစံတွေ ကို အသေးစိတ် လုပ်ပြထားတာကို တွေ့ရမှာပါ။

ကျွန်တော် လေ့လာမိသလောက်ကို အတတ်နိုင်ဆုံး ပြန်လည်မျှဝေပေးလိုက်တာပါ။ ဒီစာလေးဖတ်ပြီးသွားရင် သွားလေ့လာဖို့လည်း တိုက်တွန်းပါတယ်။ ပေးရတဲ့ ဝင်ကြေးနဲ့ ပြန်ရတဲ့ အတွေ့အကြုံ က တကယ်ကို တန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
သွားမယ်

စက်မှုမြို့တော် Nagoya

ဂျပန်ရဲ့ စက်မှုမြို့တော် “နာဂိုယာ”(Nagoya City)နာဂိုယာမြို့သည် ဂျပန်နိုင်ငံ Chubu ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး Aichi ခရိုင်ရဲ့ မြို့တော်ဖြစ်ပါတယ်။ နေထိုင်သူဦးရေ ၂သန်းခန့်ရှိသည့် စတုတ္ထမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ဂျပန်ရဲ့ အဓိကဆိပ်ကမ်းမြို့လည်းဖြစ်ပါတယ်။ ဟွန်းရှူးကျွန်းရှိ အကြီးဆုံးလွင်ပြင် ၃ခုထဲမှ တခုဖြစ်တဲ့ Nobiလွင်ပြင်ရှိတဲ့ အဓိကမြို့လည်းဖြစ်ပြီး ဂျပန်ရဲ့Chūkyō metropolitan area လို့လူသိများပါတယ်။၁၆၁၀ ခုနှစ်(အယ်ဒိုခေတ်အတွင်း) စစ်ဘုရင် Tokugawa Ieyasuဟာ Kiyosu မှာရှိတဲ့ Owari စီရင်စုရဲ့ မြို့တော်ကို နာဂိုယာကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။ နာဂိုယာကို ၁၈၈၉ ခုနှစ်တွင် မြို့အဖြစ် ကြေညာခဲ့ပြီး မေဂျီခေတ်ပြန်လည်ထူထောင်ရေးတွင် ဂျပန်ရဲ့စက်မှုအခြေစိုက်မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်