CBD Product တွေ ဝယ်မယ်ဆိုရင်

August 21, 2021 at 4:04 PM


ဂျပန်သည် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။ သို့သော် ဂျပန်နိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဆေးဝါးနှင့် စက်မှုလုပ်ငန်းတွင် အသုံးပြုမည့်ဆေးခြောက် (Medical Hemp) မှ တဆင့် ထုတ်လုပ်သော CBD Oil သုံးစွဲမှု မြင့်တက်ခဲ့သည်။

CBD ဆိုတာဘာလဲ။
ဆေးခြောက်ပင် Cannabis မှနေ၍ နာတာရှည် နာကျင်မှုရောဂါအပါအဝင် ဆေးဝါးများထုတ်နိုင်သည်။ စက္ကူ၊ အဝတ်အထည်၊ ဆောက်လုပ်ရေးပစ္စည်း၊ ကျန်းမာရေးအစားအစာ စသဖြင့် အမျိုးစုံထုတ်လုပ်နိုင်ပေသည်။Cannabis အမျိုးအစားများတွင် မူးယစ်ဓာတ်ပါဝင်သော ဆေးခြောက် (marijuana) အား ဆေးဝါးကိစ္စအတွက် အသုံးချမှုကို အိမ်နီးချင်းထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တွင် တရားဝင်ခွင့်ပြုထားသည်။
၂၀၂၄ ခုနှစ်တွင် ဈေးကွက်တန်ဖိုး အမေရိကန်ဘီလီယံ ၂၀ ခန့်ရှိလာနိုင်သော CBD နဲ့ သက်ဆိုင်သော ကုန်ပစ္စည်းများနှင့် ကော်ဖီဆိုင် များ ဂျပန်နိုင်ငံတွင် စတင်ဖွင့်လှစ်လာခဲ့ကြပြီး ဝယ်ယူနိုင်ရင်ပိုမိုလွယ်ကူလာခဲ့သည်။


CBD ဟာ ဂျပန်မှာ တရားဝင်ပါသလား။
CBD ကို အလှကုန်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကဖေးများ၊ လေဆိပ်များနှင့် Pop-up ဆိုင်များတွင် အလွယ်တကူဝယ်ယူနိုင်သည်။ သို့သော် THC-free ဖြစ်သည့် CBD ကုန်ပစ္စည်းများသာ ဂျပန်နိုင်ငံတွင် တရားဝင် ဖြစ်သည်။
ဂျပန်နိုင်ငံတွင် အကောင်းဆုံး CBD products များကို ဝယ်သင့်သော နေရာများ
ဂျပန်နိုင်ငံတွင် CBD products များကို အင်တာနက်မှတဆင့် ဝယ်ယူခြင်းမှာ အလွယ်ကူဆုံး ဖြစ်သည်။ အိမ်တိုင်ရာရောက် ပို့ပေးသည့်အတွက်ကြောင့် ပိုက်ဆံမကုန်သည့်အပြင် ၂၄ နာရီ ဝယ်ယူနိုင်သည်။


CBD Coffee
CBD products များဖြင့် ပြုလုပ်ထားသော ကော်ဖီနှင့် အအေးမျိုးစုံကို Komada-todaimae Station အပြင်တွင် ဖွင့်လှစ်ထားသော ဆိုင်တွင် ဝယ်ယူနိုင်သည်။

HealthyTokyo
၂၀၁၁ ခုနှစ်တွင် Tokyo ရှိ Harajuku၊ Daikanyama နှင့် Haneda Airport စတင်ဖွင့်လှစ်ခဲ့သော HealthyTokyo ဆိုင်များတွင် CBD ပါဝင်သော အဆီ၊ သကြားလုံးများ၊ Vape liquids နှင့် CBD ပါဝင်သော အိမ်မွေးတိရစ္ဆာန်ပစ္စည်းများကို ဝယ်ယူနိုင်သည်။

714 Café
Azabu Juban ၏ CBD အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည်။ Los Angeles ၏ Area Code ကို အမည်ပေးထားသော 714 Café ဆိုင်၏ ဆိုင်ခန်း ဒီဇိုင်းမှာလည်း California တောင်ပိုင်း ယဉ်ကျေးမှု ပုံစံအတိုင်း ပြင်ဆင်ထားပြီး CBD ပါဝင်သော စားသောက်ကုန်များကို အွန်လိုင်းမှတဆင့်ပါ ရောင်းချလျက်ရှိသည်။

Global Touch
Global Touch မှာ Minamianzabu တွင်ဖွင့်လှစ်ထားပြီး ဆံသ၊အသားလုံးမျိုးစုံရောင်းချခြင်း နှင့် CBD products များကို ဝယ်ယူရရှိနိုင်သည်။ အွန်လိုင်းမှတဆင့် Hemp နှင့် CBD အဆီမျိုးစုံကို ဝယ်ယူနိုင်ပြီး ကော်ဖီနှင့် ဖျော်ရည်မျိုးစုံကိုလည်း Uber မှတဆင့် ဝယ်ယူနိုင်သည်။ နာမည်အကြီးဆုံး CBD ဆိုင်များကို ရှာချင်ပါက www.bestcbdshop.jp မှတဆင့် ကြည့်ရှုလေ့လာနိုင်ပါသည်။