AV အပြာကားမင်းသမီးတွေ ဝန်ဆောင်မှုပေးမဲ့ စားသောက်ဆိုင်ဘား

September 18, 2020 at 12:05 PM

Tokyo မြို့တော် နာကာနိုရပ်ကွက်မှာ ရုံးချုပ် ရှိတဲ့ ဂျပန် AV အပြာကားရိုက်ကူးထုတ်လုပ်ရေးကုမ္ပဏီ အုပ်စု ဖြစ်တဲ့ SOD လို့ အတိုကောက် လူသိများတဲ့ Soft On Demand ကုမ္ပဏီအုပ်စုက အထပ် ငါးထပ်ပါဝင်တဲ့ အဆောက်အအုံတစ်ခုကို အသက်ပြည့်ပြီးသားအရွယ်ရောက်သူတွေအတွက် ဖွင့်လှစ်ခဲ့ပါတယ်။ Tokyo မြို့ရှိ Shinjuku ခရိုင်မှာ တွေ့နိုင်တဲ့ ဂျပန်မြို့တွေရဲ့ အဓိကကျရာနေရာဖြစ်တဲ့ စားသောက်ဆိုင်တွေ အရက်ဆိုင်တွေနဲ့ ဘီယာဘားတွေကို အဆောက်အအုံရဲ့ အထပ် တစ်ထပ် ချင်းစီတိုင်းမှာ ကွဲပြားခြားနားတဲ့ ဒီဇိုင်းပုံစံတွေနဲ့ ထည့်သွင်း ဖွင့်လှစ်ထားပါတယ်။ SOD ကုမ္ပဏီက Bar အပြင် VR စနစ်နဲ့တစ်ကိုယ်ရည် အာသာဖြေနိုင်မဲ့ သီးသန့် တစ်ယောက်အခန်းတွေကိုလည်း ငှားရမ်းပေးတဲ့ ဝန်ဆောင်မှုကိုလည်း ပေးပါသေးတယ်။

လွန်ခဲ့တဲ့ နှစ် အနည်းငယ်ခန့်က Soft On Demand ကုမ္ပဏီက ဆန်းသစ်မှုတစ်ခုကို စမ်းလုပ်ကြည့်ဖို့ Akihabara ရှိ ဆိုင်ခန်း ငယ် တစ်ခုကို ငှားရမ်းကာ bar အဖြစ် ဖွင့်လှစ်ခဲ့ပြီး SOD ထုတ်လုပ်ရေးရဲ့ AV အပြာကားမင်းသမီးတွေကို ဝန်ထမ်းအဖြစ် အလှည့်ကျ စနစ် နဲ့ ခန့်အပ်ခဲ့ပါတယ်။ အပြာကား မင်းသမီးတွေရဲ့ ဝန်ဆောင်မှုကြောင့် အကြီးအကျယ်အောင်မြင်ခဲ့ပြီး Nakano ရပ်ကွက်မှာ နောက်ထပ် Bar တစ်ခု ဖွင့်လှစ်ခဲ့ပြီးနောက် အခုလို ဂျပန်နိုင်ငံရဲ့ Nightlife နာမည်အကြီးဆုံး Kabukicho မှာ အထပ် ငါးထပ် အဆောက်အအုံကို ဖွင့်သွားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

အဆောက်အအုံထဲ ဝင်ဝင်ချင်း မြေညီထပ်ကတော့ ဝင်ကြေးနဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေ အသိပေးတဲ့ နေရာ တစ်ခုပေါ့။ ဝင်ကြေးပေးပြီးတာနဲ့ SOD ကုမ္ပဏီထုတ် ပစ္စည်းတွေ SOD ကုမ္ပဏီ ထုတ်လုပ်ရေး Theme နဲ့ ဓာတ်ပုံ ရိုက်နိုင်မဲ့ Photo Booth အပြင် Gacha Capsule Machines တွေကို ထားရှိထားပါတယ်။
မြေအောက် အထပ်မှာတော့ တက်သစ်စ AV အပြာ မင်းသမီးတွေက ဧည့်ခံအဖော်ပြုပေးသွားမဲ့ မတ်တပ်ရပ်သောက်ရတဲ့ Pub ကို ဖွင့်ထားပါတယ်။ ပွဲဦးထွက် Debut AV အပြာမင်းသမီးလေးတွေနဲ့ အတူ သောက်ချင်ရင်တော့ အောက်ထပ်ကိုသာ ညွှန်းလိုက်ပါရစေ။ဒုတိယထပ်ရှိ Kakubutsu Salon မှာတော့ happy ending ပါတဲ့ အနှိပ်ခန်းတွေ ရှိပြီး လိင်ဖျော်ဖြေရေးအလုပ်သမတွေနဲ့ အတူသောက်နိုင်ပါတယ်။


တတိယထပ် ကတော့ အမျိုးသားထု ကြီး တစ်ရပ်လုံး အိပ်မက်မက်ခဲ့ကြတဲ့ SOD ကုမ္ပဏီရဲ့ နာမည်ကြီး AV အပြာမင်းသမီးနဲ့ အတူ သောက်ခွင့် ရရှိမှာဖြစ်ပါတယ်။
နောက်ဆုံး လေးလွှာကတော့ Silent Bar လို့ ပေးထားတဲ့အတိုင်း တစ်ဖက်မြင်မှန် ကန့်ထားပြီး တစ်ဖက်က ရေကူးဝတ်စုံ လေး ဝတ်ထားတဲ့ AV အပြာမင်းသမီး တစ်ယောက်နဲ့ အတူရှိနိုင်မဲ့ ဝန်ဆောင်မှုကို ရရှိသွားမှာဖြစ်ပါတယ်။
ဖွင့်လှစ်ထားပြီဖြစ်တဲ့ SOD Land က COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့အခြေအနေကြောင့် အတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းပြီး မျက်နှာဖုံးဝတ်ဆင်ပြီးမှ ဝင်ခွင့် ပြုလျက်ရှိသည်။
Bar တစ်ခုမှာ ၃၀ မိနစ်ခန့် နေရင် ကန်ဒေါ်လာ ၄.၇၀ ခန့်ပေးရပြီ းSOD Land မှာ လာရောက်သူ ရဲ့ အစားအသောက် ကျသင့်စရိတ် ရှင်းရပါတယ်။ ပုံမှန် Hostess Bar တွေ လို Hostess သောက်သမျှ ပိုက်ဆံရှင်းပေးစရာမလိုပါဘူး။SOD Land ကို တော့ အောက်တိုဘာ ၁၀ ရက်နေ့မှာ စဖွင့်သွားမယ်လို့ သိရပါတယ်။

SOURCE – SORA NEWS