ဂျပန်နိုင်ငံ၏ဆောင်းရာသီမီးအလှဆင်ပွဲတော် (illumination)
နှစ်စဉ်နှစ်တိုင်း ဂျပန်မှာကျင်းပတဲ့ Illumination ဟာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီကို ပိုပြီး အသက်ဝင်၊လှပစေပါတယ်။ ပုံမှန်အားဖြင့် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပလေ့ရှိပေမယ့်အချို့နေရာတွေမှာတော့ အောက်တိုဘာလ အစပိုင်းကနေ Valentine’s day မတိုင်ခင်လောက်အထိ ကျင်းပလေ့ရှိပါတယ်။

ဂျပန်ရဲ့ ပထမဆုံးနှင့် အခမ်းနားဆုံး၊အလှပဆုံး Illumination ကတော့ ၁၉၉၅ခုနှစ်မှာ Kobe မှာကျင်းပခဲ့တဲ့ Kobe lumiarie ပဲဖြစ်ပါတယ်။ Kobe luminarie ဟာ Kobe ငလျင်ကြောင့် သေဆုံးသွားတဲ့သူတွေအတွက် အမှတ်တရအနေနဲ့ ကျင်းပတဲ့ Illumination ဖြစ်ပြီး ဂျပန်နိုင်ငံနှင့် Italy နိုင်ငံမှ ကျွမ်းကျင်တတ်မြောက်သူတွေ ပူးပေါင်းပြီး အလှဆင် ပြုလုပ်ခဲ့တဲ့ Festival ဖြစ်ပါတယ်။
Tokyo မြို့မှာရှိတဲ့ Caretta Shindome illumination ၊ Tokyo Midtown Illumination ၊ Kanagawa ခရိုင် Sagamiko Resort Pleasure Forest မှာကျင်းပတဲ့ Sagamiko illumination ၊ Tohoku ခရိုင်မှာကျင်းပတဲ့ Sendai Sendai Pageant of starlight ၊ Osaka မှာကျင်းပတဲ့ Osaka Hikari Renaissance ၊ Nagoya ခရိုင် Nabana no sato ရုက္ခဗေဒဥယျာဉ်မှာကျင်းပတဲ့ Nabana no sato illumination အစရှိတဲ့ Illuminations တွေကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Illumination နေရာတွေပဲ ဖြစ်ပါတယ်။

Source: huber-japan.com

Source: ridgelineimages.com

Source: alexforencich.com

Source: commons.wikimedia.org
Illumination ကျင်းပတဲ့အချိန်ရောက်ပြီဆိုတာနဲ့ အရောင်အသွေးစုံလင်လှတဲ့ LED light တွေနဲ့ ရာသီအလိုက်ပွင့်တဲ့ ပန်းပုံစံ အလှဆင်ထားတာတွေ၊ animated light show တွေ၊ သီချင်းသံစဉ်နဲ့အညီ လှုပ်ရှားစီးဆင်းနေတဲ့ water fountain တွေ၊ မီးအလှဆင်ထားတဲ့ ဥမင်လှိုဏ်ခေါင်းတွေ၊Christmas သစ်ပင်တွေ၊ မြူနှင်းတွေကြား ရေခဲပြင်စကိတ်စီးတာတွေ စတာတွေနဲ့ အရမ်းကိုလှပပြီး ပျော်စရာတွေချည်းပါပဲ။ ထို့အပြင် ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက်တော့ worthy pictures တွေ အများအပြားရိုက်နိုင်ဖို့ နေရာကောင်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။