ကြောင်ကဖေးသွားမယ်

ဂျပန်မှာဆိုရင်ဖြင့် ပိတ်ရက်တွေကို ကုန်ဆုံးတဲ့နည်းလမ်းတွေ အမျိုးမျိူး ရှိတဲ့အထဲမှာမှ ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ကြောင်ကဖေးလေးပဲ ဖြစ်ပါတယ်။ ဂျပန်မှာကတော့ တိရစ္ဆာန်ကဖေးတွေက တော်တော်လေးကို ခေတ်စားပြီးတော့ နေရာအနံ့မှာ ရှာတွေ့နိုင်ပါတယ်။ ကြောင်၊ ခွေး၊ ဇီးကွက်အစရှိသဖြင့် အများကြီးရှိပါတယ်။ ဆိုင်ခွဲတွေနေရာအနှံ့ဖွင့်လှစ်ထားတဲ့ နာမည်ကြီးဆိုင်ကြီးမျိုးတွေလည်း ရှိသလို အသေးစားဆိုင်လေးတွေလည်းမနည်းပါဘူး။

အခုတစ်ခါမှတော့ မိသားစုကဖေးလေးတစ်ခုဖြစ်ပြီး ချစ်စရာကြောင်လေးတွေနဲ့အတူ ဈေးရော ဝန်ဆောင်မှုပါ ကောင်းမွန်တဲ့ ဆိုင်မျိုးကို တွေ့ထားပါတယ်။ ဆိုင်လေးကို နာမည်လေးကတော့ Neko Café Monta 猫カフェMonta ဖြစ်ပါတယ်။

နေရာကတော့浅草 Asakusa အစကုစမှာပဲဖြစ်ပါတယ်။ ပိတ်ရက်မရှိဖွင့်ပြီးတော့ ဆိုင်ဖွင့်ချိန်ကတော့ မနက်၁၁ ပဲဖြစ်ပါတယ်။ နေ့စဉ် ၂၁ နာရီမှာ ပိတ်ပြီးတော့ တနင်္ဂနွေတစ်ရက်ထဲ ၂၀ နာရီမှာပိတ်တာဖြစ်ပါတယ်။ ဆိုင်ထဲကို စစချင်းဝင်တာနဲ့ ဝန်ထမ်းတဲ့ ဖော်ရွေတဲ့ဝန်ဆောင်မှုကို စတင်ကြားရမှာပါ။

ကြိုတင်ချိန်းဆိုထားလို့ရတဲ့စနစ်ကတော့ မရှိတာကြောင့် လူနည်းတဲ့အချိန်ဆိုရင်တော့ ချက်ချင်းဝင်လို့ရပေမယ့် ဝိုင်းပြည့်နေရင်တော့ အချိန်စောင့်ရမှာပါ။  ဆိုင်ဝန်ထမ်းကနေပြီးတော့ ပထမဆုံးအကြီမ်လာရောက်သူတွေအတွက် အချိန်သတ်မှတ်ချက်ဈေးနှုန်းသတ်မှတ်ချက်တွေ လိုက်နာရမယ့် အချက်တွေကို ရှင်းပြပါတယ်။ လိုက်နာရမယ့်အချက်ထဲမှာမှ အဓိကအရေးကြီးတာကတော့ ကြောင်တွေကို ဖက်လို့မရပါဘူး။ ဆိုင်ကရောင်းချပေးတဲ့ကြောင်စာကလွဲပြီး ကျန်တဲ့ကြောင်စာကို ကျွေးခွင့်မရှိပါဘူး။ ကြောင်ကို ဓာတ်ပုံရိုက်တဲ့အချိန်မှာ Phone Flashlight ပိတ်ပေးထားဖို့လိုပါတယ်။

ဝန်ထမ်းရဲ့ ရှင်းပြချက်ပြီးလို့ လက်သန်ရှင်းလုပ်ပြီးရင် ကိုယ့်ထိုင်ခုံနေရာကို ရွေးချယ်ခိုင်းပါတယ်
အချိန်နဲ့ အစားအသောက်မီနူးနဲ့ ပက်သက်ပြီး ရှင်းပြပြီးတဲ့နောက်မှာတော့ အချိန်စတင်သတ်မှတ်ပါတယ်။ အချိန်ကတော့အနည်းဆုံးမိနစ်သုံးဆယ်ကနေ စယူရပါတယ်။ ပြီးတော့ ဆယ်မိနစ်တိုးတိုင်း ယန်း၂၀၀ ကျသင့်ပါတယ်။ ဒါမှမဟုတ် စယူတဲ့အချိန်ထဲက မိနစ်၃၀၊ မိနစ် ၆၀၊ မိနစ်၉၀ စသဖြင့်လည်း ရွေးချယ်လို့ရပါတယ်။  မိနစ်၉၀ပြည့်ပြီး အချိန်ထပ်ထိုးလို့ရပေမယ့် လူများချိန်ဆိုရင်တော့ အချိန်ထပ်ထိုးလို့မရပါဘူး။ မိနစ်၉၀ကိုရွေးချယ်ယူပြီး မိနစ်၆၀ ကိုတစ်ဝက်မှာပြန်ရွေးလို့မရပါဘူး။ ဒါအပြင် တစ်နေကုန်နေလို့ရတဲ့ One day Passport ဆိုတာလည်းရှိပါတယ်။ ဖွင့်ရက်ဆိုယန်း၂၀၀၀ဖြစ်ပြီးပိတ်ရက်ဆိုရင်တော့ ယန်း၃၀၀၀ ဖြစ်ပါတယ်
ဖွင့်ရက်နဲ့ ပိတ်ရက်ဈေးက အနည်းငယ်ကွာခြားပါတယ်။ ဖွင့်ရက်ဆိုရင် မိနစ်၆၀ က ယန်း၁၀၀၀၊ မိနစ်၉၀ က ၁၅၀၀ပါ။ ပိတ်ရက်မှာတော့ မိနစ်၆၀ ယန်း၁၂၀၀ ၊ မိနစ်၉၀ ယန်း၁၇၀၀ ၊ မိနစ်၁၂၀ ယန်း၂၂၀၀၊ မိနစ်၁၅၀ ယန်း၂၆၀၀ ဖြစ်ပါတယ်။

ကြောင်လေးတွေအခြေအနေကတော့ ချစ်ဖို့ကောင်းသလို လူလည်းကပ်ပါတယ်။ ကြောင်စာလည်းကျွေးလို့ရပြီးတော့ ကြောင်စာမကျွေးတာတောင် ထွက်ပြေးတာမျိုး မလုပ်ကြပါဘူး။ အရုပ်လေးတွေလည်းပေးထားတာကြောင့် ကြောင်လေးတွကို အရုပ်လေးတွေနဲ့လည်း ဆော့ပေးလို့ရပါတယ်။


ကြောင်လေးတွေဘယ်လောက်တောင်ချစ်ဖို့ကောင်းလည်းဆိုရင် ပုံလေးတွေကို ပဲကြည့်လိုက်ပါ။

   

ဒါ့အပြင် ဆိုင်အတွင်းကိုလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း လုပ်ပေးထားတာကြောင့်
အချိန်ကုန်ဆုံးရတာလည်း သက်တောင့် သက်သာရှိပါတယ်။ ကြောင်လေးတွေနဲ့ဆော့ရင်း မုန့်လေးစားရင်း သူငယ်ချင်းတွေနဲ့ စကားပြောရင်းအချိန်ကုန်ဆုံးရတာ အရမ်းကို အဆင်ပြေတဲ့ နေရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။ စိတ်အချမ်းသာဆုံးက ကြောင်တွေက လူယဉ်ပြီး ထွက်ပြေးတာမျိုးတွေချေတာမျိုးတွေမလုပ်တဲ့အချက်ပါ။


ကိုယ်စိတ်ပင်ပန်းချိန်၊ ကြောင်တွေကို သတိရချိန်၊ အေးဆေးတိတ်ဆိတ်တဲ့နေရာမျိုးမှာအချိန်ကုန်ဆုံးစေချင်တဲ့ အချိန်မျိုးဆိုရင် ကတော့ စဉ်းစားသင့်တဲ့နေရာမျိုးပါတယ်။ နိုင်ငံခြားသားအသွားများတဲ့ နေရာဖြစ်ပေမယ့် အသံလုံတဲ့အတွက် အတွက်ကတော့ တကယ်အဆင်ပြေပါတယ်။ ဆိုင်တွင်းပိုင်းပြင်ဆင်ထားပုံကလည်း လှလှပပချစ်စရာလေးဖြစ်တဲ့အတွက်
ကိုယ့်အတွက်လည်း ပုံလှလှလေးတွေ ဖန်တီးလို့ရတဲ့နေရာလေးတစ်ခုပါပဲ။

 

ဒီကဖေးလေးကို သွားမယ် နောက်လည်းဆက်သွားဖြစ်နိုင်လောက်တဲ့လူတွေအတွက်
အသုံးဝင်တဲ့ အချက်အလက်လေးတစ်ခုကတော့ ဒါအပြင် Zeetle အက်ပလီးကေးရှင်းကို အသုံးပြုပြီး ဆိုင်အဝင်ဝမှာရှိတဲ့ QRကုတ်ကို ဖတ်ပြီး Stamp Card ကို ရယူနိုင်ပါတယ်
ပထမဆုံးအကြိမ်အတွက် အချိန်၁၅ မိနစ်စာ တိုးခွင့် Stamp ၅ ပြည့်ရင်ကြောင်စာ တစ်ခုလက်ဆောင် Stamp ၁၀ခုပြည့်ရင် သောက်စရာ စိတ်ကြိုက်သောက်လို့ရတဲ့ ဝန်ဆောင်မှုကို ရရှိမှာပါ။


ဒီလောက်ဆိုရင်တော့ ပိတ်ရက်ကို ကုန်ဆုံးဖို့ အစီအစဉ်ဆွဲနေတယ်ဆိုရင် ဒီကြောင်ကဖေးလေးကိုလည်းစဉ်းစားသင့်ပါတယ်နော်။

http://nekocafe-monta.jp/

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
သွားမယ်

စက်မှုမြို့တော် Nagoya

ဂျပန်ရဲ့ စက်မှုမြို့တော် “နာဂိုယာ”(Nagoya City)နာဂိုယာမြို့သည် ဂျပန်နိုင်ငံ Chubu ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး Aichi ခရိုင်ရဲ့ မြို့တော်ဖြစ်ပါတယ်။ နေထိုင်သူဦးရေ ၂သန်းခန့်ရှိသည့် စတုတ္ထမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ဂျပန်ရဲ့ အဓိကဆိပ်ကမ်းမြို့လည်းဖြစ်ပါတယ်။ ဟွန်းရှူးကျွန်းရှိ အကြီးဆုံးလွင်ပြင် ၃ခုထဲမှ တခုဖြစ်တဲ့ Nobiလွင်ပြင်ရှိတဲ့ အဓိကမြို့လည်းဖြစ်ပြီး ဂျပန်ရဲ့Chūkyō metropolitan area လို့လူသိများပါတယ်။၁၆၁၀ ခုနှစ်(အယ်ဒိုခေတ်အတွင်း) စစ်ဘုရင် Tokugawa Ieyasuဟာ Kiyosu မှာရှိတဲ့ Owari စီရင်စုရဲ့ မြို့တော်ကို နာဂိုယာကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။ နာဂိုယာကို ၁၈၈၉ ခုနှစ်တွင် မြို့အဖြစ် ကြေညာခဲ့ပြီး မေဂျီခေတ်ပြန်လည်ထူထောင်ရေးတွင် ဂျပန်ရဲ့စက်မှုအခြေစိုက်မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်