ခရီးထွက်ကာ စိတ်အပန်းဖြေ ငေးမောကြည့်ရှုစရာ မိုးမင်းဂျီ (MOMIJI)

November 11, 2020 at 1:29 PM

ဆောင်းဦးနဲ့ဆောင်းရာသီမှာ ဂျပန် တောင်တန်းတွေဟာလည်း ဆောင်းလေ နဲ့ အတူ အနီရောင်သမ်းကာ ပြောင်းလာခဲ့ကြတော့ပါတယ်။ဂျပန်ရဲ့ဆောင်းဦးရာသီ (၁၀)လပိုင်းနဲ့(၁၁)လပိုင်း ဟာ အလှပဆုံးအချိန်ဖြစ်ပြီ ရာသီအစားအစာ ဂျပန်ငါး ဆမ်မားလိုငါးမျိုးနဲ့မှိုတွေ ဟာလည်း အရသာရှိလှပါတယ်။ ဒီအချိန်အခါမျိုးမှာနိုင်ငံခြားခရီးသွားဟာဂျပန်ရဲ့ရှေးဟောင်းမြို့တော်ဖြစ်တဲ့ကျိုတိုလိုနေရာမျိုးကို မိုးမင်းဂျီကြည့်ဖို့ လူတွေဟာ ခရီးသွားကြပါတယ်။ တိုကျို၊ကျိုတိုနဲ့အခြားနေရာဒေသများပါမကျန် ပန်းအရောင်စိမ်းရာက နီသော အရောင်အဖြစ်ပြောင်းလဲတာကိုကြည့်ဖို့ခရီးသွားတာမျိုးလုပ်ကြတာပါ။ အဲလိုအချိန်မျိုးမှာ ဂျပန်ရဲ့ဘုရားကျောင်းနဲ့မိုးမင်းဂျီရဲ့အလှကစိတ်ကိုအေးမြစေပြီး ပန်းခြံတွေမှာလည်း နီရဲသော အရောင်အဆင်းနဲ့ လှနေတဲ့ အပင်တွေဆီ မိသားစုတွေ၊လာရောက်လည်ပတ်နေသူတွေနဲ့စည်းကားလှပါတယ်။

ဂျပန်ရဲ့အောက်ဆုံးကနေအပေါ်အထိတစ်နိုင်ငံလုံးမှာမိုးမင်းဂျီသစ်ပင်တွေဟာ ပုံမှန်အစိမ်းရောင်ဖြစ်ပြီး ဆောင်ဦး အစမှာ ဂျပန်တစ်နိုင်ငံလုံးရောင်ပြန်ဟပ်နေလောက်အောင် အနီရောင်နဲ့ လွှမ်းခြုံထားပါတယ်။ ဆာကူရာ ကို သာ လူပြောများပေမဲ့ ဂျပန်မှာတော့ မိုးမင်းဂျီက အထင်ရှားဆုံးအရာ တစ်ခု ဖြစ်ပါတယ်။ ဂျပန်ဟာ ပင်လယ်နဲ့တောင်တန်းများတဲ့နိုင်ငံဖြစ်တာကြောင့် မိုးမင်းဂျီအပင်တွေ အနီရောင်အဖြစ်ပြောင်းတဲ့အချိန်မှာ ဂျပန်လူမျိုးများဟာတောင်တက်ခြင်းနဲ့မိုးမင်းဂျီကိုတကူးတကကြည့်ဖို့သွားကြပါတယ်။ မိုးမင်းဂျီလှတဲ့နေရာထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့ ခုရိခိုမတောင် ကို မိုးမင်းဂျီပွင့်တဲ့အချိန် အလှဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။တောင်အမြင့်၁၆၂၆မီတာမြင့်မားပြီး၊မီးတောင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ဆောင်းဦးရဲ့အစောဆုံးအချိန်ဖြစ်တဲ့စက်တင်ဘာမှအောက်တိုဘာလမှစတင်ပြီးအနီရောင်အဖြစ်ပြောင်းလဲလာပြီးအရမ်းလှပပါတယ်။နေရာကတော့မိရဂိ၊အိဝတဲနဲ့အခိတစီရင်စုကြားမှာတည်ရှိပါတယ်။အနီးဆုံးကတော့မိရဂိနဲ့အိဝတဲကသွားရင်ပိုပြီးနီးနိုင်ပါတယ်။

အလှဆုံးနေရာများအနက် တိုကျိုမှာဆိုရင် ခိုခုအဲအိရှောဝကိနမ်ပန်းခြံကိုဆောင်းဦးနဲ့ဆောင်းရာသီများမှာသွားရောက်လည်ပတ်ရင်အရမ်းလှပနေမှာဖြစ်ပါတယ်။ တိုကျိုထဲမှာပဲဆိုတော့ အဝေးကြီးသွားစရာမလိုဘဲအဆင်ပြေလှပါတယ်။ ဆယ်လပိုင်းကုန်ခါနီးနဲ့ ဆယ့်တစ်လပိုင်းကုန်ခါနီးအချိန် ဆို သိပ်လှတဲ့အချိန်ပါပဲ။ ပန်းခြံကကျယ်ပြီး အခြားအပင်တွေ ၊ပန်းတွေ ရှိတာကြောင့်သွားရောက်လည်ပတ်သင့်ပါတယ်။ နောက်တစ်နေရာကတော့ကိုရမ်ခဲအိနေရာဖြစ်ပါတယ်။ တောင်တန်းနဲ့မြစ်ကမ်းစပ်နားမှာရှိပြီး အအိချိစိရင်စုမှာတည်ရှိပါတယ်။ ဆယ့်တစ်လပိုင်းလဆန်းနဲ့လကုန်ပိုင်းမှာအလှဆုံးဖြစ်ပါတယ်။လှပတဲ့နေရာထဲမှနောက်တစ်နေရာကတော့ခိုးအမ်ဂျီနေရာဖြစ်ပါတယ်။လျောငေါ့စီရင်စုမှာတည်ရှိပါတယ်။ဆယ့်လပိုင်းလဆန်းပိုင်းနဲ့လကုန်ပိုင်းမှာအလှဆုံးအချိန်ဖြစ်ပါတယ်။နောက်ပြီးအဓိကလှတဲ့နေရာကတော့ ယဉ်ကျေးမှုနေရာလို့တင်စားကြတဲ့ ကျိုတို ပဲ ဖြစ်ပါတယ်။အရရှိရာမလို့ခေါ်တဲ့တောင်တန်းမှာပွင့်တဲ့မိုးမင်းဂျီတွေကအလှဆုံးလို့ခေါ်ရလောက်အောင်လှပလွန်းပါတယ်။ဆယ့်လပိုင်းလဝက်လောက်ကနေဆယ့်နှစ်လပိုင်းလဆန်းအထိပွင့်တတ်ကြပါတယ်။ဝန်းကျင်အနီးမှာမြစ်လေးရှိပြီး အပန်းဖြေစရာ လှေစီးပြီး လျှောက်ကြည့်လို့ရနိုင်ကာ၊မြစ်ကိုကူးလို့ရအောင်တံထားလေးရှိတဲ့အတွက်အဲနေရာကနေဓါတ်ပုံရိုက်လို့ရပါတယ်။

ဂျပန်မှာ ဆယ်လပိုင်းကနေဆယ်နှစ်လပိုင်းကြားထဲ အဓိက ခရီးသွားကြပါတယ်။ အရသာရှိတဲ့အစားအစာတွေအတွယ်ရယ် အခုလိုအချိန်ကာလမှာ အစိမ်းရောင်ကနေအနီရောင်ပြောင်းတဲ့မိုးမင်းဂျီကို တကူးတကသွားရောက်ကြည့်ရှုကြပါတယ်။ရာသီအလိုက်အရသာရှိတဲ့အစားအစာများနဲ့နေရာဒေသပေါ်လိုက်ပြီးအရသာရှိတဲ့အစားအသောက်များစွာရှိပါတယ်။သယ်ယူပို့ဆောင်ရေးနေရာမှာလည်းလေယဉ်အပြင်၊ဂျပန်ရဲ့နာမည်ကြီးရှင်ခန်ဆန်လို့ခေါ်တဲ့အမြန်ရထားကလည်းအရမ်းမြန်ပြီးတစ်မြို့ပြီးတစ်မြို့အချိန်သိပ်မပေးရဘဲသွားရောက်လည်ပတ်နိုင်ပါတယ်။နောက်တစ်ခုကသဘာဝပတ်ဝန်းကျင်ကိုစနစ်တကျထိန်းသိမ်းတဲ့အတွက်သွားရောက်လည်ပတ်တဲ့အခါမိုးမင်းဂျီပန်းနဲ့အတူတောင်တန်း၊အပင်များကလည်းစိမ်းစိုလှပပါတယ်။နောက်တစ်ခုကမိုးမင်းဂျီကိုကြည့်ချင်တယ်ဆိုရင်ဆယ်လပိုင်းကနေဆယ်တစ်လပိုင်းကိုလာရောက်လည်ပတ်သင့်ပြီး၊အဲလိုအချိန်အခါကဆောင်းဦးရာသီဖြစ်တဲ့အတွက်အရမ်းမအေးသေးဘဲနေရတာသက်တောင့်သက်သာရှိတဲ့အချိန်အခါဖြစ်ပါတယ်။

Tags: