ကမ္ဘာပေါ်မှာ အကြီးဆုံးနှင့် လူသွားလူလာအစည်ကားဆုံးဖြစ်တဲ့ Shibuya လမ်းဆုံံ

January 8, 2020 at 3:23 PM
Image Source : trip-n-travel.com

Shibuya crossing ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ Shibuya မှာရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ လူသွားလူလာအစည်ကားဆုံး လမ်းဆုံတစ်ခုပဲ ဖြစ်ပါတယ်။ ဂျပန်ကိုလာတဲ့သူတိုင်း ရောက်ဖူးချင်တဲ့ destination တွေထဲမှာ Shibuya crossing လဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Tokyo Architecture Professor Julian Worrall က ‘မကြိုးစားပဲနဲ့ အကောင်းဆုံးဖြစ်နေတတ်တဲ့ တိုကျိုကို ပြချင်တယ်ဆိုရင် Shibuya crossing ဟာ အကောင်းဆုံးဥပမာတစ်ခုပဲ’ လို့ ပြောခဲ့ပါတယ်။

Hachiko ခွေးရုပ်ထု

Image Source : trip-n-travel.com

Shibuya crossing ဟာ Shibuya ဘူတာရဲ့ Hachiko ထွက်ပေါက်နားမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ Hachiko ဆိုတာကတော့ Shibuya ဘူတာရုံရှေ့မှာ ၁၀နှစ်ကြာတိုင်အောင် နေ့စဉ်နေ့တိုင်း သခင်ပြန်အလာကို စောင့်ရင်းသေဆုံးသွားရှာတဲ့အလွန်သစ္စာရှိတဲ့ ခွေးကလေးတစ်ကောင်ပဲဖြစ်ပါတယ်။ Hachiko ရဲ့ ရုပ်ထုကို အမှတ်တရအနေနဲ့ Shibuya ဘူတာရဲ့ West Exit ဘက်မှာထုလုပ်ထားပြီး အဲဒီ Hachiko ရုပ်ထုရှိတဲ့နေရာကတော့ HalloweenNew year တို့လိုအစရှိတဲ့ ပွဲတော်တွေရှိတဲ့အခါမျိုးတွေ ၊စျေးဝယ်ထွက်ချိန် ၊ရုပ်ရှင်ကြည့်ဖို့ ချိန်းတဲ့အခါမှာ ဆုံကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

မီးပိုင့်နီနေချိန်လမ်းကူရန်စောင့်နေကြစဉ်

Image Source : trip-n-travel.com

မီးနီပြီဆိုတာနဲ့ Shibuya crossing ရဲ့ လမ်းထောင့်တွေမှာ လူတွေတဖြည်းဖြည်း ပြည့်လာကြပြီး ပျမ်းမျှအားဖြင့် သုံးမိနစ်ခန့် မီးစိမ်းတဲ့အချိန်အတွင်းမှာ လူအယောက်ပေါင်း (၂၅၀၀),(၃၀၀၀) လောက်ဟာ မိမိတို့အလိုရှိရာဘက်သို့ သွားကြရင်းနဲ့ Shibuya crossing ဟာအမြဲပင်စည်ကားနေပါတော့တယ်။

Shibuya Crossing ၏ညအလှ

Image Source : flickr.com

Shibuya croosing အနီးမှာရှိတဲ့ အဆောက်အဦးတွေပေါ်က ကြီးမားလှတဲ့ TV screen သုံးခုက နေ့ရောညရော ပြသလျက်ရှိပြီး အခြားနေရာတွေကလည်း ကြေငြာဆိုင်းဘုတ်များ၊အလင်းရောင်များနဲ့ Shibuya croosing ဟာ အမြဲတမ်း လှပနေပါတယ်။ ညအချိန်မှာလည်း ဘားတွေ၊ကလပ်တွေ၊ဂျပန်အရက်ဆိုင်တွေ၊စျေးဆိုင်တန်းတွေနဲ့ Shibuya ဟာအရမ်းကို စည်ကားလွန်းပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့ nigh life spot တစ်ခုလဲ ဖြစ်ပါတယ်။

Image Source : thewholeworldisaplayground.com

Shibuya crossing ဟာ ဂျပန်ရုပ်ရှင်၊ကာတွန်းကား တော်တော်များများထဲမှာ ဇာတ်ဝင်ခန်းအနေနဲ့ ပါလေ့ရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပြီး Lost in translation,The fast and furious:Tokyo Drift အစရှိတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေရဲ့ ဇာတ်ဝင်ခန်းအချို့ကိုလည်း Shibuya crossing မှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် Fuji တောင်လိုပဲ Shibuya crossing ဟာ photographers, videographers တွေအတွက်လည်း ဂျပန်ကို ကိုယ်စားပြုတဲ့ ဓာတ်ပုံကောင်းကောင်း၊ video ကောင်းကောင်းတွေ ရိုက်လို့ရတဲ့နေရာတစ်ခုပါပဲ။ Shibuya crossing ဟာ Fuji တောင်တို့လို ဂျပန်နိုင်ငံရဲ့ landmark အနေနဲ့ အသိအမှတ်မပြုခံရပေမဲ့ လှုပ်ရှားသွားလာနေတဲ့ လူတွေ၊ စျေးဆိုင်တန်းတွေ၊လင်းလက်တောက်ပနေတဲ့ မီးအလင်းရောင်တွေ၊ကြေငြာဆိုင်းဘုတ်တွေနဲ့ အမြဲတမ်းစည်ကားနေတဲ့အတွက်ကြောင့် Tokyo ရဲ့ ငြင်းဆန်လို့မရနိုင်တဲ့ representation တစ်ခုဆိုရင်လည်း မမှားပါဘူး။