Shinjuku ကနေ ၂ ဘူတာ သာဝေးတဲ့ brand ပေါင်း စုံ တစ်ပတ်ရစ် အဝတ်အစား ကုန်ဈေးတန်းကြီး
ကျွန်တော်တို့ နိုင်ငံမှာတော့ တစ်ပတ်ရစ် ဆိုရင်သိပ် ဝယ်လေ့ မရှိပေမဲ့ ဂျပန်မှာတော့ ထွေထွေ ထူးထူး အယူမရှိတော့ ခုလိုအချိန် ပိတ်ရက်တွေ ဆိုရင် တစ်ပတ်ရစ် ဆိုင်တွေမှာ လူတွေ စည်ကားနေပါတယ် . လူငယ်တွေ တော်တော် များများတွေ့ ရမှာပါ ။ အထူးသဖြင့် fashion တွေနဲ့ ပတ်သက်ပြီး ဈေးသက်သက်သာသာနဲ့ ရှိုး အများကြီး ထုတ်လို့ ရလို့ ထင်ပါတယ်။
ခုပြောတဲ့ နေရာကိုသွားမယ် ဆိုရင် shinjuku ကနေ Odakyu line နဲ့ ၂ ဘူတာ စီးပြီးတော့ 下北沢駅 (Shimokitazawa) ဘူတာမှာဆင်းလိုက်ပါ။ ဘူတာ ရောက်ပါက east gate ကနေ ထွက်လိုက်ပါ။
ကုန်ဈေးတန်းလမ်းကြီးကို တွေ့ပါလိမ့်မယ်။ ဆိုင် တွေ တော်တော် များများက တစ်ပတ် ရစ် အဝတ် အထည်တွေကို အဓိက ရောင်းကြတာပါ။
ပတ်ပတ်လည်မှာ တစ်ပတ်ရစ် အဝတ်အထည် ရောင်းတဲ့ ဆိုင်တွေ အများကြီးရှိပါတယ်။ တစ်ပတ်ရစ် အဝတ်အထည်တွေ ဖြစ်တဲ့ အတွက် quality တွေ condition တွေကတော့ အမျိုးမျိုးရှိပါတယ်။ စိတ်ရှည်ရှည် နဲ့ ရှာဖွေ ဝယ်ရင်တော့ ဈေး သက်သက် သာသာနဲ့ fashion ကျကျ ဝတ်လို့ ရပါတယ်။ မိန်းကလေး အဝတ်တွေက ယောင်္ကျားလေး အဝတ်ထက် များပါတယ်။
ဆောင်းတွင်းလည်း ဝင်လာပြီဖြစ်တဲ့ အတွက် ကုတ်အကျီတွေ အနွေးထည်တွေ ကတော့ လိုလာပါပြီ။ ဈေးသက်သာအောင် ရန်ကုန်က ပြန်မှာတဲ့လူ လည်း ရှိမှာပါ။ ဈေးသက်သက်သာသာ နဲ့ တစ်ပတ်ရစ်တွေ ဝယ်ချင်ရင်တော့ ခု နေရာမှာ သွားရှာဖို့ အကြံ ပေးပါတယ်။ The North Face လို brand မျိုးတွေကိုတောင် yen 5000 တည်းနဲ့ ရပါတယ်။ အသစ်နီးပါး တွေကိုလည်း ရှာတတ်ရင် တွေ့ပါတယ်။
ခုဆိုင်တွေ အများကြီးရှိတဲ့ထဲက ပစ္စည်းတွေ စုံပြီး ဝယ်လို့ ကောင်းမဲ့ဆိုင်လေးတွေ ညွှန်းပေးလိုက်ပါတယ်။ မဝယ်ဖြစ်လည်း သွားလေ့လာလို့ ရပါတယ်။
Mocha ဆိုင်ကတော့ harajuku မှာလည်း ဆိုင်ခွဲ ရှိပါတယ် သူကတော့ တစ်ပတ်ရစ်ဆိုင် တွေထဲမှာ ဂျပန်မလေးတွေ ကြား ရေပန်းစားတဲ့ ဆိုင်လေးပါ။
နောက်တစ်ဆိုင်ကတော့ Chicaco ဆိုင်ဖြစ်ပါတယ် သူကတော့ အဓိကအားဖြင့် american style တွေ များပြီး leather coat , boiler suite တွေက စပြီး အစားစားရှိပါတယ် သူလည်း harajuku မှာ ဆိုင်ခွဲ ရှိပါတယ်။
နောက် ပစ္စည်း စုံတဲ့ ဆိုင်တွေထဲက တစ်ခုကတော့ Bazzs Tore ဖြစ်ပါတယ်။
တခြားဆိုင်တွေ အများအပြား ရှိပါတယ် တတ်နိုင်ရင် ကုန်ဈေးတန်း အနားတစ်ဝိုက်ကို လျှောက်ပတ်ပြီး အေးအေး ဆေးဆေး လည်ပတ်ပြီး shopping ထွက်ဖို့ အကြံပေးပါတယ်။
နောက်တစ်ခု ကတော့ Trefacstyle ဆိုင်ဖြစ်ပါတယ် သူကတော့ တစ်ပတ်ရစ်ထဲက အသစ်နီးပါး တစ်ပတ်ရစ်တွေ ရောင်းတာပါ။ အကုန်လုံးနီးပါး high end brand တွေ supreme တို့လို street wear brand တွေ ဖြစ်ပါတယ်။ ဈေးကတော့ နည်းနည်း မြောက်ပါတယ်။
တစ်ပတ်ရစ် ဆိုင်တွေ အများကြီး ရှိတဲ့ အပြင် ခုလို ဈေးဆိုင်တန်းလေးလည်းတွေ့ရမှာပါ။ သူက အထဲမှာ ဆိုင်ခန်းတွေ အများကြီး ရှိပါတယ်။ ရှာရခက်နေရင် google map မှာ SHIMOKITA GARAGE DEPARTMENT ရိုက်ရှာလိုက်ပါ။
တိုလီမိုလီ ပစ္စည်းတွေ အစ ရောင်းပါတယ်။
custome လက်ပတ်နာရီပြုလုပ်ပေးတဲ့ ဆိုင်လေးလည်းရှိပါတယ် …
မဝယ်ဖြစ်ရင်တောင်မှ သွားလေ့လာ ကြည့်လို့ရ အောင် ကျွန်တော် သွားလေ့လာပြီး သိရသလောက် မျှဝေပေးလိုက်ပါတယ်။