ဘုန်းကြီးကျောင်းတွေနဲ့ သမုဒ္ဒရာတွေ ကြားက လျှပ်စစ်မီးရထား စီးနှင်ခြင်း The Enoden: Enoshima Electric Railway

ပင်လယ်နဲ့တောင်တန်းတွေ ဝေးတဲ့ အရပ် မှာ ကြီးပြင်းလာရတော့ တိုကျိုမှာ နေလာခဲ့တဲ့ အချိန်မှာ သမုဒ္ဒရာနဲ့ မနီးစပ်ပေမဲ့ သိပ်တော့ မဝေးတော့ဘူး။ Shinjuku က နေ Fujisawa ကို ယမ်း ၅၄၀ ရထားလက်မှတ်ဖြတ်ပြီး မိနစ် ခြောက်ဆယ်လောက်စီးပြီးတဲ့အခါ Enoshima လျှပ်စစ်မီးရထားကို ဆက်စီးရင် နောက်ထပ် ၁၀ မိနစ်လောက်ဆိုရင် ပင်လယ်နားကို ရောက်သွားပါတယ်။ တစ်ကိုယ်တည်း စီးဖြစ်တဲ့ နေ့တွေမှာ ဆို ပင်လယ်ကမ်းခြေတစ်လျှောက် ဘူတာငယ်အနည်းငယ်တစ်ချင်းစီမှာ ရပ်လိုက် ခရီးသည် အသွားအလာ အတက်အဆင်းတွေ နဲ့ အတူ ခံစားချက်က တစ်ချိန်တည်းမှာ ချစ်ဖို့ကောင်းသလို လွမ်းစရာကောင်းတာလေးပါ တစ်ပြိုင်နက်တည်း ခံစားမိပါတယ်။

လူတော်တော်များများက တော့ Kamakura က နေ Fujisawa ဆီကို ခရီးစဉ် ပြောင်းပြန် အနေ နဲ့ ဦးတည်သွားကြပါတယ်။ ကျွန်တော် ကျတော့ နောက်တစ်နည်းနဲ့ Fujisawa အဆုံးရှိ ဘူတာတိုင်းမှာ လူစုလူဝေးတွေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အတက်အဆင်း လုပ်သွားတာ ကို ကြည့်ချင်မိလို့ပါပဲ။ Fujisawa က စစီးရင် ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးဖို့ အတွက် ရထားအရှေ့ပိုင်းမှာ နေရာတစ်နေရာ ရနိုင်ပါတယ်။ ရထားခေါင်းခန်းမှာ နေရာရရင် စက်မောင်းနဲ့ အတူ ရထားမောင်းနေသလို ခံစားချက်မျိုးကို ကြိုက်တာကြောင့် ဒီလို “လျှောက်ကြည့်” ခရီးမျိုးတွေမှာဆိုရင် ရထားခေါင်းတွဲကို အဓိက ဦးစားပေးဖြစ်ပါတယ်။

Enoden က ကြည့်စရာ နေရာသိပ်များများစားစား မရှိတဲ့ အိမ်တွေနဲ့ ဝန်းရံနေတဲ့ ကျဉ်းမြောင်းတဲ့ ရထားလမ်းကြောင်းတစ်ခုပါပဲ။ ဒါပေမဲ့ ပင်လယ်ပြင်ကြီးကို ရထားပေါ်က ကြည့်နိုင်တာကိုက အရသာတစ်မျိုးကို ပေးနေပြန်တယ်။ Enoden လိုင်းမှာ ဘူတာ တစ်ခုနဲ့တစ်ခု တစ်မိုင် အကွာလောက်မှာပဲရှိပါတယ်။ တောင်တန်းတွေထက်ပင်လယ်ပြင်ကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် Enoden လျှပ်စစ်မီးရထားက မျှော်လင့်ချက်တွေကို ဖျက်ဆီး ပစ်မဲ့ အရာတွေထဲမှာ တော့ မပါဘူး။

Gokurakuji မှာ ဆင်းပြီး လမ်းလျှောက်ရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိလှတဲ့ ဘုန်းကြီးကျောင်းတစ်ခု ကို ဝင်လေ့လာနိုင်ပါတယ်။ Gokurakuji မှာ Coffee ဆိုင်အသေးလေးတွေ နေရာအများစုမှာ ရှိပြီး ကော်ဖီမသောက်တတ်တဲ့ ကျွန်တော့် အတွက် Ice Cream အမျိုးမျိုးကိုလည်း ရောင်းပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
သွားမယ်

စက်မှုမြို့တော် Nagoya

ဂျပန်ရဲ့ စက်မှုမြို့တော် “နာဂိုယာ”(Nagoya City)နာဂိုယာမြို့သည် ဂျပန်နိုင်ငံ Chubu ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး Aichi ခရိုင်ရဲ့ မြို့တော်ဖြစ်ပါတယ်။ နေထိုင်သူဦးရေ ၂သန်းခန့်ရှိသည့် စတုတ္ထမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ဂျပန်ရဲ့ အဓိကဆိပ်ကမ်းမြို့လည်းဖြစ်ပါတယ်။ ဟွန်းရှူးကျွန်းရှိ အကြီးဆုံးလွင်ပြင် ၃ခုထဲမှ တခုဖြစ်တဲ့ Nobiလွင်ပြင်ရှိတဲ့ အဓိကမြို့လည်းဖြစ်ပြီး ဂျပန်ရဲ့Chūkyō metropolitan area လို့လူသိများပါတယ်။၁၆၁၀ ခုနှစ်(အယ်ဒိုခေတ်အတွင်း) စစ်ဘုရင် Tokugawa Ieyasuဟာ Kiyosu မှာရှိတဲ့ Owari စီရင်စုရဲ့ မြို့တော်ကို နာဂိုယာကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။ နာဂိုယာကို ၁၈၈၉ ခုနှစ်တွင် မြို့အဖြစ် ကြေညာခဲ့ပြီး မေဂျီခေတ်ပြန်လည်ထူထောင်ရေးတွင် ဂျပန်ရဲ့စက်မှုအခြေစိုက်မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်