東京クリスマスマーケット2019 Event

December 7, 2019 at 6:27 PM

ဒီနေ့ မှာတော့ ကျွန်တော်တို့သွားခဲ့တဲ့ Tokyo Tower နားက 都立芝公園 御成門駅前 မှာပြုလုပ်သွားတဲ့ 東京クリスマスマーケット2019 Event နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Event အမည် : 東京クリスマスマーケット2019
ကျင်းပမည့် ရက် အပိုင်းအခြား : 2019年12月6日(金)~12月25日(水)
全日11:00~22:00
(L.O.21:30)
※雨天時も開催
(荒天の場合、中止する場合があります)

https://tokyochristmas.net/

Tokyo Tower နောက်ခံ ဖြစ်နေတဲ့အတွက် ဓာတ်ပုံရိုက်လို့ အရမ်းကောင်းတဲ့ နေရာလေးပါ။

စင်အဝင်မှာတင် မီးရောင်စုံ နဲ့ Event logo နဲ့ ပန်းကွင်းတွေ ခုံတွေ နဲ့ ဓါတ်ဖမ်းလို့ရအောင်စီစဉ်ပေးထားပါတယ်။

အဝင်ဝမှာ တွေ့ ရမဲ့ ဆိုင် ၃ ဆိုင်က တော့ Germany က handcraft christmas အရုပ်လေးတွေ အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင်ပါ။

အထဲဝင်တဲ့ လျှောက်လမ်း တစ်လျှောက်မှာတော့ Christmaxရဲ့ အငွေ့အသက်ကို အပြည့်အ၀ခံစားရမဲ့ decoration တွေ၊ postcard တွေ၊ အရုပ် အစရှိတာတွေနဲ့ snow ball ရောင်းတဲ့ ဆိုင်လေးတွေနဲ့ စည်ကား နေပါတယ်။

ဆိုင်တစ်ဆိုင်ချင်း ကိုလည်း သေချာကြည့် လျှင် .. တစ်ခုနဲ့ တစ်ခု မတူ အောင် Christmax theme ပုံစံလေးကို သေချာ အလှဆင်ထားတာ တွေ့ရမှာ ပါ မီးလေး တွေနဲ့ ဆင်ထားတဲ့ X’mas အရုပ်လေးတွေနဲ့လည်း တော်တော်လေးကို လှနေပါတယ်။

အဲ့နေရာလေးကို ဖြတ်လာပြီးရင်တော့ Main Event နေရာကို ရောက်လာမှာပါ။

အလည်ခေါင် တည့်တည့်မှာတော့ German Hand Craft အရုပ် Tower ကြီးရှိပါမယ်။

ပတ်ပတ်လည် မှာတော့ စားသောက်ဆိုင်တွေ ဝိုင်းနေပါတယ် အကုန်လုံး က Germany Style တွေ ဖြစ်ပါတယ်။ ကျွန်တော်တောင် အစားအသောက်ဝယ်နေ တုန်း Germany Customerက ဂျပန်မလေးကို Germany လို လွှတ်ပြောနေလို့ မျက်လုံးတောင် ပြူးသွားပါသေးတယ်။

အစားအသောက်တွေ အနေနဲ့ကတော့ Christmas ဆိုတော့ turkey ကြက်ဆင်သားကတော့ မပါမဖြစ်ပေါ့။

နောက်ပြီး Germany အစားသောက်တွေ ဖြစ်တဲ့အတွက် Germany sausage ကတော့ နာမည်ကြီးပါဘဲ။

သောက်စရာ အနေနဲ့ကတော့ .. Spice & Pumpkin အရသာ ၆ မျိုးရှိတဲ့ ရောင်စုံ beer နဲ့ Home Made hot wine လေး သောက်ဖို့ အကြံ ပေးပါတယ်။ ၂ မျိူးလုံးကတော့ ထူထူးဆန်းဆန်း အရသာလေးပါ … ပုံမှန် 600 ကို 600 ထပ်ပေါင်း ပါ က Special Edition Boot Mag ခွက် လေး ရပါတယ်။

Event Hall လေးတစ်ခု ရှိပါတယ် …. အထဲမှာ တော့ စားသောက်ဖို့ ထိုင်ခုံတွေ နဲ့ christmas event အတွက် အဆိုတော် တွေ , တီးဝိုင်းတွေနဲ့ အစီအစဉ် တင်ဆက်မှုတွေ အများကြီး ရှိပါတယ်။ Official website မှာ အသေးစိတ် ကြည့် နိုင်ပါတယ်။

Outdoor area မှာ စားသောက်နေရလို့လဲ အရမ်း အေးမှာ မပူပါနဲ့။ Heater တိုင်တွေ စီစဉ်ပေးထားတာ တွေ့ရပါတယ်။ ပုံထဲ က အကိုကြီးကို တချက်ရှိုးအုံး။ beer သောက်ပြီး မီးလှုံ နေတာ၊ သူ့ဟာသူတော့ ဟုတ်နေတာပဲ။

နောက်ပြီးတော့ ဝယ်စားထားတဲ့ ဘောင်ချာတွေကို သိမ်းထားပါ။ ယန်း ၅၀၀၀ ပြည့် ရင် Information ကောင်တာမှာ မဲနှိုက်လို့ ရပါတယ်။ ကျွန်တော်ကတော့ postcard လေးတစ်ခုပဲ ပေါက်ခဲ့တယ်။

ပြန်ခါနီး ကျွန်တော်ကတော့ အမှတ်တစ်ရလက်ဆောင်လေး ဝယ်ပြီး ပြန်လာပါတယ်။

Tokyo Tower နဲ့လဲ ဘေးချင်းကပ်ဆို တော့ event လေးမှာ လျောက်လည်ပြီးတာနဲ့ Tokyo Tower ကိုပါ လမ်း ကြုံတစ်ခါထဲ ဝင်လိုက်ပါတယ်။

ရက်အကန့်အသက်နဲ့မို့ အချိန်မနှောင်းခင် သွားကြည့်လိုက်ပါအုံးနော်!