Tokyo မြို့ရဲ့ Landmark အသစ်တစ်ခုဖြစ်တဲ့ (Shibuya Scramble Square) , Shibya Sky အဆောက်အဦး
Shibuya Scramble Square မှာ စုစုပေါင်း အလွှာ ၄၇လွှာရှိပြီး Floor (B2 – 16) မြေအောက်ထပ် ၂လွှာ ကနေ ၁၆ ထိကတော့ စားသောက်ဆိုင်များ ၊ Fashion ဆိုင်များ ဖြစ်ပါတယ်။ Floor (B1 – 1) မြေအောက်ထပ် ၁ လွှာ နှင့် ပထမလွှာကတော့ Brand Shops များ ၊ Floor (17 – 45) ၁၇ လွှာ ကနေ ၄၅ ကတော့ ရုံးခန်းများအတွက်သီးသန့် ဖြစ်ပါတယ်။

Source: GoTokyo.org
Shibuya sky ရဲ့အပေါ်ဆုံးအထပ် (၄၆ လွှာ) မှာတော့ Sky stage(rooftop) ရှိပြီး Tokyo မြို့ကြီးရဲ့ ရှုခင်းများကို 360 degrees view ဖြင့် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Source: GoTokyo.org
ဒါ့အပြင် အခြား Tokyo မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ New national stadium, Shinjuku ၊Tokyo tower, Tokyo Skytree စတာတွေကိုလည်း Sky stage(Rooftop) ကနေ မြင်တွေ့နိုင်မှာပါ။ View ကောင်းကောင်းနဲ့ ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် နေရာကောင်းတစ်ခုဆိုလဲ မမှားပါဘူး။

Source: tokyosanpopo.com
Shibuya Sky ကို Sky gate,Sky Gallery,Sky Stage(rooftop) ဆိုပြီး (၃)မျိုး ခွဲထားပါတယ်။ Shibuya Sky ကိုသွားမယ်ဆိုရင်တော့ ၁၄ လွှာမှာရှိတဲ့ Sky gate မှာ လက်မှတ်ဝယ်ယူပြီး ဓာတ်လှေကားစီးသွားရမှာဖြစ်ပါတယ်။

Source: Matcha-jp.com
ဓာတ်လှေကားအတွင်းပိုင်းကိုလည်း Superb 4D effects တွေနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ဓာတ်လှေကားစီးနေစဉ်အတွင်းအခြားကမ္ဘာထဲရောက်သွားတဲ့ Feeling မျိုးကိုလည်းရရှိဦးမှာပါ။
Sky stage(Rooftop) ရဲ့အောက်အလွှာဖြစ်တဲ့ (၄၅) လွှာမှာဆိုရင် Sky gallery ရှိပြီး Tokyo မြို့ရဲ့ ရူခင်းများကို Digital artworks ဖြင့်ဖန်တီးထားတာကိုလည်းမြင်တွေ့ရမှာပါ။ Sky gallery နှင့်အတူTokyo အထိမ်းအမှတ် လက်ဆောင်ပစ္စည်းဆိုင်များနှင့်Cafe & bar lounge လဲရှိတဲ့အတွက်ကြောင့်လက်ဆောင်လည်းဝယ်ရင်း ကော်ဖီလည်းသောက်လို့ရတာပေါ့။

Source: savvytokyo.com
Sky stage(Rooftop) မှာ helicopter ရပ်နားလို့ရတဲ့ helipad လဲရှိပြီး concerts တွေနဲ့ events တွေ ကျင်းပလို့ရတဲ့ stage အတွက်နေရာများလဲရှိပါသေးတယ်။နောက်ပြီး Crossing light လို့ခေါ်တဲ့ Special light show လဲရှိတဲ့အတွက် ချစ်သူများအတွက်လည်း Romantic ဆန်ဆန် ချိန်းတွေ့လို့ရတဲ့ Dating spot တခုလဲ ဖြစ်ပါတယ်။

Source: GoTokyo.org
ညအချိန်မှာတော့ Sky stage(Rooftop) မှာအလှဆင်ထားတဲ့ မီးအလင်းရောင်တွေနဲ့ ပြဇာတ်ဆန်ဆန် လှပနေပြီး Tokyo မြို့ရဲ့ ညအလှကိုလည်း ခံစားနိုင်ပါတယ် ။
Business Hour : 9:00 – 23:00
Ticket Price : (Adult) 2000yen, (Students) 1600yen,
(Elementary Students) 1000yen,
(Infant 3-5 years) 600yen