犬吠埼(Inubōsaki) ရဲ့နေထွက်ချိန်ခရီး

December 7, 2019 at 4:26 PM

千葉半島(Chiba hantō) ဟာ ဂျပန် ရဲ့ အရှေ့ဘက် အစွန်ဆုံး မဟုတ်ပေမဲ့ Pacific ocean ရဲ့ ပထမဦးဆုံး နေထွက်လာမဲ့ နေရာမဟုတ်သော်လည်း ဂျပန် ရဲ့ sun rise သဘာ၀ အလှကို ခံစားဖို့ အကောင်းဆုံးနေရာလို့ ပြောလို့ရပါတယ်။ 千葉縣(Chiba hantō)ရဲ့ 犬吠埼 (Inubōsaki)က ဂျပန် မြေပြန့် နေရာမှာ ရှေးဦးစွာ နေထွက်လာတာကို မြင်ရမဲ့ နေရာဖြစ်ပါတယ်။

ယခု လာမဲ့ ၂၀၂၀ ရဲ့ ပထမဦးဆုံး ထွက်လာမဲ့ ရောင်နီ အလှကို ချစ်သူ သူငယ်ချင်းတို့နဲ့ အတူတူ ကြည့်လိုက်ရရင် ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်မလဲ။

ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ သွားဖို့ လက်မှတ် ဝယ်ပြီးပါပြီ။

ရထားတွေကတော့ မနက် ၂ နာရီကနေစပြီး ပြေးဆွဲပါတယ်။

犬吠埼(Inubōsaki) မှာဆိုရင်တော့ မီးပြတိုက်လေးတစ်ခု ရှိပါတယ်။ ဓာတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်။

နောက်ပြီးတော့ ဂျပန်နဲ့ အရှေ့ဘက်အစွန်ဆုံးမှာ ရှိတဲ့ စာတိုက်ပုံးကနေလည်း postcard လေးတွေကို ပို့ ဆောင်ပေးလို့ ရပါတယ်။

သွားတဲ့နေ့မှာ ပို့တဲ့ post card တွေကိုတော့ အဲ့ဒီနေ့အတွက် အထူး တံဆိပ်ခေါင်းကို အမှတ်တရ အနေနဲ့ ကပ်ပေးမှာပါ။ သဘာဝအလှကို ခံစားရင်း မိတ်ဆွေ သူငယ်ချင်းများဆီကို New Year ကတ်လှလှလေးတွေ ပို့လို့ ရတာပေါ့။

နောက်ပြီးတော့ JR အထူးရထားအနေနဲ့ 犬吠初日の出号 (Inuboe hatsuhinode-gō )ဆိုပြီး ပြေးဆွဲ ပေးနေပါတယ်။ 高尾山(Takaosan) က နေစတင်ထွက်ခွာပြီး 千葉縣 ရဲ့ နောက်ဆုံးဂိတ်ဖြစ်တဲ့ 銚子市(Yōshishi) အထိဖြစ်ပါတယ်။

လက်မှတ်တွေကိုတော့ みどり窓口(Midori madoguchi) ဒါမှမဟုတ် えきねっと Mobile ကနေ ဝယ်ယူလို့ ရနေပါပြီ။

အချိန်နီးကပ်လာလေ လက်မှတ် ဝယ်ရ ခက်လာ လေမို့ ဂျပန်ရဲ့ နေထွက်ချိန် သဘာဝ အလှကို နှစ်သစ်မှာ သွားရောက် ကြည့်ရှု့လိုသူများ အနေနဲ့ ကြိုဝယ်ထားဖို့ တိုက်တွန်းပါရစေ။