セクハラ

ရိုးရာယဉ်ကျေးမှု

ဂျပန်အသိုင်းအဝိုင်းက Harassment ဆိုတာ

Harassment ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ တစ်ဖက်သူအပေါ် အပြုအမူ၊ စကားလုံးတွေနဲ့ နိုင်ထက်စီးနင်းပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဂျပန်အသိုင်းအဝိုင်းမှာတော့ Harassment ဆိုတာ ပြုလုပ်သူက မိမိကိုယ်တိုင်တမင်သက်သက် ပြုလုပ်ချင်စိတ်မရှိပါပဲနဲ့ မိမိစိတ်သတိမထားမိလိုက်တဲ့အချိန်မှာတစ်ဖက်သားကို စိတ်ဒဏ်ရာရစေတဲ့ အပြုအမူလည်း အပါအဝင်ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း အလုပ်ခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သတိမထားမိပဲနဲ့ ပြုလုပ်မိတဲ့ ကိစ္စတွေများလည်းရှိပြီးတော့ ၁၉၈၀ပြည့်နှစ်နောက်ပိုင်းကစပြီး ဆိုတဲ့ Harassment စကားလုံးကိုတော်တော်လေးကြားရလာပါတယ်။ ၁၉၉၇ ခုနှစ် အမျိုးသားအမျိုးသမီး ညီတူညီမျှအလုပ်ခန့်အပ်ခြင်းဥပဒေ 男女雇用機会均等法(Danshikoyoukikaikintouhou) ပြင်ဆင်လိုက်ချိန်ကစပြီး セクハラ(Sekuhara လိင်ပိုင်းဆိုင်ရာနိုင်ထက်စီးနင်းပြုလုပ်မှု)လို့ အမည်တွင်တဲ့ သတ်မှတ်ချက်က ပေါ်ပေါက်လာခဲ့ပြီးတော့ セクシャルハラスメント(Sexual harassment) ဆိုတဲ့ စကားလုံးကိုလည်း အတည်ပြုသတ်မှတ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ လုပ်ငန်းခွင်တစ်ခုထဲမှာတင်မဟုတ်ပဲ ဆေးရုံ၊ ကျောင်းအစရှိတဲ့ အဖွဲ့အစည်း အမျိုးမျိုးကြားမှာ ဖြစ်ပေါ်နေတဲ့ harassment တွေက セクシャルハラスメント(Sexual harassment) […]

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်