国立科学博物館 သိပ္ပံပြတိုက် သို့ လေ့လာရေး ခရီးတစ်ခေါက်
国立科学博物館 ကတော့ Ueno မှာတည်ရှိတာပါ။ ပြတိုက်ကို အဓိကအားဖြင့် ဂျပန် နဲ့ ကမ္ဘာ ဆိုပြီး ၂ ပိုင်း ခွဲထားပါတယ်။ ဝင်ကြေး ၆၂၀ ယန်းပါ။ ဂျပန်မှာရှိတဲ့ ကလေးတွေ တော်တော်လေး ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဘာလို့လည်းဆိုတော့ ခုလိုပြတိုက်တွေက ကလေးလူငယ်တွေစိတ်ဝင်စားအောင်လုပ်ထားပြီး ပညာရေးဘက်ကို များစွာ အထောက်အကူ ပေးပါတယ်။