နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်း ရှိတဲ့ ဝတ္ထု ရှည် The Tale of Genji (源氏物語, Genji monogatari)
အမျိုးသားတွေက သူတို့ ချစ်တဲ့ အမျိုးသမီးတွေကို ရာသီအလိုက်ပွင့်တဲ့ အကိုင်းအခက် အပွင့်တွေနဲ့ ဆက်စပ်တဲ့ အရောင်နဲ့ ရနံ့ ရှိတဲ့ စက္ကူပေါ်မှာ ချစ်ခြင်းတွေ ပြည့်နေတဲ့ ကဗျာတွေ ရေးပြီး ပေးလေ့ရှိပါတယ်။ Genji ဝတ္ထုရှည်ကို ဖတ်ကြည့်မိတဲ့အခါမှာ Heian ခေတ်ကတည်းက အမျိုးသမီးတွေဟာ စာပေ၊ ပန်းချီ အနုပညာ လက်ရာဖန်တီးမှုများမှ တဆင့် ခံစားချက်တွေကို ဖော်ထုတ်လာခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ခံစားချက်တွေ ကို အနုပညာလက်ရာ ဖန်တီးမှု အဖြစ် ပြောင်းလဲ ပြီး ချစ်ခြင်းနဲ့ ပတ်သက်ပြီး နားလည် ခံစားမှုတွေကို တွေ့ရှိနိုင်ပါတယ်။ ချစ်သူနဲ့ အချစ်ခံပစ္စည်းတစ်ခုအဖြစ်သာ တန်ဖိုး ထားခံရမှုတွေ ထိုခေတ်ထဲက ထိန်းချုပ် ခံထားရတဲ့ အလေ့အထ အစဉ်အလာကြောင့် ချစ်ခြင်းဟာ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ထပ်တူ ကျနိုင်ဖွယ် မရှိခဲ့တာမျိုးတွေကို ဖတ်ရှုလေ့လာမိပါတယ်။