ကြောင်ကဖေးသွားမယ်
ဂျပန်မှာဆိုရင်ဖြင့် ပိတ်ရက်တွေကို ကုန်ဆုံးတဲ့နည်းလမ်းတွေ အမျိုးမျိူး ရှိတဲ့အထဲမှာမှ
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ကြောင်ကဖေးလေးပဲ ဖြစ်ပါတယ်။ ဂျပန်မှာကတော့ တိရစ္ဆာန်ကဖေးတွေက တော်တော်လေးကို ခေတ်စားပြီးတော့ နေရာအနံ့မှာ ရှာတွေ့နိုင်ပါတယ်။ ကြောင်၊ ခွေး၊ ဇီးကွက်အစရှိသဖြင့် အများကြီးရှိပါတယ်။ ဆိုင်ခွဲတွေနေရာအနှံ့ဖွင့်လှစ်ထားတဲ့ နာမည်ကြီးဆိုင်ကြီးမျိုးတွေလည်း ရှိသလို အသေးစားဆိုင်လေးတွေလည်းမနည်းပါဘူး။