ဂျပန်ရဲ့ Entertainment Industry ထဲမှာ လူတိုင်းနီးပါး သိကြပြီး ပါးစပ်ကနေထုတ်ဖော်မပြောကြတဲ့ လျှို့ဝှက်ချက်
အခကြေးငွေပေးပြီး ရည်းစားအဖြစ် date လို့ရတဲ့ ဂျပန် celebrity တွေရှိပေမဲ့ ဒီအဖော်ပြုပေးတဲ့ ဝန်ဆောင်မှု လုပ်ရပ်မျိုးတွေကို သူတို့တွေရဲ့ Agency တွေက တရားဝင်ခွင့်မပြုပါဘူး။ တချို့ flexible ဖြစ်တဲ့ agency တွေကတော့ မသိကျိုးကျွံပြုထားကြပေမယ့် အရမ်းနာမည်ကြီးတဲ့ agency အကြီးစားတွေကတော့ သိတာနဲ့ ချက်ချင်း စာချုပ်ကို ဖျက်သိမ်းပါတယ်။ ဒီလို အရှုပ်တော်ပုံ တွေကြောင့် ဂျပန်နိုင်ငံက Celebrity တွေဟာ အပိုဝင်ငွေအတွက် တိုးတိုးတိတ်တိတ် လျှို့ဝုက်ပြီး လှုပ်ရှားရတာပေါ့။ ဒီလို Celebrity တွေကို အခကြေးငွေပေးပြီး Date တာကို 援助交際[Enjou Kousai] လို့ခေါ်ပါတယ်။