January 28, 2021 at 2:14 AM
ဂျပန်ပိုက်ဆံများကိုစိတ်ဝင်စားစရာ၊ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။ဂျပန်ပိုက်ဆံကိုယန်းအဖြစ်ခေါ်ဆိုကြပါတယ်။ဂျပန်ပိုက်ဆံနဲ့မြန်မာပိုက်ဆံတန်ဖိုးကွာဟမှုရှိပါတယ်။ဂျပန်ပိုက်ဆံတန်ဖိုးကပိုပြီးမြင့်မားမှုရှိပါတယ်။နောက်တစ်ခုကတော့အကြွေစေ့အနေနဲ့လည်းအသုံးပြုပါတယ်။ပိုက်ဆံရဲ့စက္ကူသားကောင်းမွန်ပြီး၊အရည်အသွေးကောင်းမွန်လှပါတယ်။
January 20, 2021 at 3:59 PM
နာရာ မှာ လူတိုင်းကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုကတော့ သမိုင်းဝင်အဆောက်အအုံများ အနီးမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ လျှောက်သွားနေလေ့ရှိတဲ့ သမင်အုပ်တွေကို ပေါင်းစပ်ထားတဲ့ နာရာ ဥယျာဉ်ရဲ့ ပန်းချီဆန်လှတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ နောက်တစ်နေရာကတော့ ဆာကူရိုင်းမြို့မှာ ရှိတဲ့ ဟဆေဒါရ ဘုရားကျောင်းပဲဖြစ်ပါတယ်။ တောင်လှေကားထစ်လေးတွေကတဆင့် အလှပဆုံး ရှုမျှော်ခင်းတွေက အမောကို ပြေစေမှာပါ။
October 30, 2020 at 5:20 PM
“ကာရာအိုကေ” ရယ်လို့ သာ ခေါင်းစဉ်တပ်ထားမိပေမဲ့ အသေးစိတ် ရှင်းနေစရာတော့မလိုဘူးထင်မိပါတယ်။ လူတိုင်း ကာရာအိုကေ ဆိုင်ကို ရောက်ဖူးကြမယ်လို့ တော့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အနောက်နိုင်ငံ တွေ က ကာရာအိုကေဆိုင်တွေ နဲ့ အရှေ့တိုင်း နိုင်ငံတွေ ရဲ့ ကာရာအိုကေ ဆိုင်တွေ ဘယ်လို ကွဲပြားမှု ရှိလဲ ဖတ်ကြည့်လိုက်ရအောင်။
July 19, 2020 at 12:32 PM
Akasaka မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က Geisha ဦးရေ ၁၂၀ ခန့် ရှိခဲ့ပြီး လက်ရှိ တိုကျို တစ်ခုလုံးမှာ ဦးရေ ၂၃၀ ခန့်သာ ကျန်ရှိတော့ပါတယ်။ Geisha ဖြစ်ဖို့ လေ့ကျင့်မှု တွေနဲ့ ကီမိုနို ဝတ်ဆင်မှုတွေဟာ လူကြိုက်များမှုအပေါ် မူတည်ပြီး တန်ဖိုးကြီးလှပါတယ်။ Ikuko လို ရှေးဟောင်း Geisha တွေ လို လူကြိုက်များ စေတဲ့ လိမ္မာ ပါးနပ်တဲ့ စကားလက်ဆုံ ပြောဆိုမှု လိုမျိုး စွမ်းရည် အချို့က အချိန်အတော်ကြာ မှ သာ တတ်မြောက်နိုင်တာဖြစ်ပါတယ်။