ပထမဆုံး လူမည်း ဆာမူရိုင်း Yasuke
Nobunaga Oda နဲ့ Toyotomi Hideoyoshi တို့ အာဏာစက်ကြီးနေတဲ့ အချိန်မှာ မီးသွေးရောင် အသားအရေနဲ့ ဂျပန်လူမျိုးတွေထက် နှစ်ဆ ရှိသော အရွယ်အစား ရှိတဲ့ Yasuke ကို ဂျပန်လူမျိုးတွေက အထူးအဆန်းတစ်ဖွယ် ဝိုင်းပြီး ထိတွေ့ ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီသတင်းကို အရှင် Nobunaga Oda ကြားတဲ့အခါ Yasuke ကို အခစားဝင်ဖို့ မိန့်ကြားခဲ့ပါတော့တယ်။ Yasuke ရဲ့ မှင်အမဲတွေ လောင်းကျထားလို့ မည်းနေသယောင်ဖြစ်နေတဲ့ အသားအရေနဲ့ အရပ်အမောင်းကို ခွန်အားကို Nobunaga Oda က အသိအမှတ်ပြုတဲ့အနေနဲ့ သူကိုယ်တိုင် ဂျပန်အမည် Yasuke လို့ မှည့်ခေါ်ခဲ့ပါတော့တယ်။