幹事(kanji) အဖြစ်တာဝန်ပေးခံရလျှင်
ဂျပန်အလုပ်ခွင်ထဲရောက်လာတဲ့အခါမှာ အလုပ်နဲ့ တိုက်ရိုက်တိုက်ဆိုင်တာမျိုးမဟုတ်ပေမယ့် အလုပ်တာဝန်တစ်ရပ်အနေနဲ့ တာဝန်ပေးခံတတ်ရတာကတော့ 幹事(kanji) ပွဲစီစဉ်သူပါပဲ။ လူအများကြီးမဟုတ်ပဲနဲ့ ကိုယ့်ဌာနအတွင်းက လူအယောက်နှစ်ဆယ်သုံးဆယ်လောက်အတွက် တာဝန်ပေးခံရတတ်တာမျိုးပါ။