ဂျပန်မှာ ဆိုင်ကယ်လိုင်စင် ဘယ်လို ဖြေမလဲ။
အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော် ဂျပန်မှာ ဆိုင်ကယ်လိုင်စင် ဘယ်လို ဖြေရလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ကျွန်တော့် အတွေ့အကြုံကို မျှဝေပေးချင်ပါတယ်။ ပထမဦးဆုံး ဂျပန်မှာ ကားလိုင်စင် နဲ့ ဆိုင်ကယ် လိုင်စင် က မတူပါဘူး။ မြန်မာနိုင်ငံလို ကားလိုင်စင်ရလို့ ဆိုင်ကယ်ပါ မောင်းလို့မရပါဘူး။ ကားလိုင်စင်ရရင်တော့ 原付50cc အောက် ဆိုင်ကယ်လေးတွေတော့ စီးခွင့်ရှိပါတယ်။